_11_Homework.

2.5K 145 13
                                    

လူတစ်ချို့က​တော့ ယုံကြည်မှုနဲ့ထိုက်တန်ပြီး... တစ်ချို့ကတော့ ယုံကြည်ပေးခဲ့မိသလောက် နောက်ကျောကို ဒဏ်ရာတွေ အချက်ပေါင်းများစွာ ပေးကြတတ်တယ်။

ကျမက လူတွေအကြောင်းကို နည်းနည်းပဲသိတချင်တယ်။ ချစ်တဲ့လူတွေအကြောင်းကိုပဲ အများကြီးတွေးပြီး နေချင်တယ်။ တတ်နိုင်သမျှ သူများကို ထိခိုက်ရှနာမဖြစ်စေတဲ့ လူတစ်ယောက်အဖြစ် ရှင်သန်ချင်တယ်။ ကျမကိုယ်တိုင် ပျော်အောင်နေမယ်။

ကျမပျော်ရွှင်မှုက တန်ဖိုးကြီးပေမယ့် ဈေးကတော့ မကြီးဘူးမလား။ ပါပါချက်ကျွေးတဲ့ ထမင်းတစ်နပ်...ကိုကိုဝယ်ပေးဖူးတဲ့ အာတူပူစီမုန့်.... မိုးမာန်ရဲ့ နေ့စဥ်စနောက်တဲ့စကားတွေနဲ့ ဂစ်တာ။ ဒီလောက်ပါပဲ။

ပြန်လာမယ့်လူတွေကိုပဲ စောင့်မယ်။ ချစ်တဲ့လူတွေကို တတ်စွမ်းသမျှ ပျော်စေမယ်။ ကျမကမ္ဘာကျဉ်းကျဉ်းလေးကို သီချင်းတွေနဲ့ အလှဆင်မယ်။

🌻🌻🌻

" နေကြာ.... ငါပြမယ်.... ဒီအဆိုတော်အသစ်ကလေးက သီချင်းတွေ တော်တော် မိုက်တယ်။ Emily Naing ( အမ်မလီနိုင်) တဲ့။ ကိုယ်တိုင်ရေး.... ကိုယ်တိုင်ဆိုထားတာ။ နားထောင်ကြည့်.... "

မိုးမာန်က သူ့နားကြပ်ကို နေကြာ့နားမှာ လာတပ်ပေးဖို့လုပ်နေတာကို ဖယ်ချလိုက်ပြီး....

" အသာနေစမ်းပါ... မိုးမာန်ရာ။ ငါဒီမှာ ဒီတစ်ပုဒ်တွက်နေတာ တွက်လို့မရလို့ အာရုံနောက်နေတာကို... "

မိုးမာန်က မဲ့ပြလျက်...

" အဲ့လို ခေါင်းပူနေချိန်ဆို သီချင်းက အကောင်းဆုံးပဲ။ နင် နားထောင်ကြည့်ပါဆို.... "

" နားမထောင်ချင်ဘူး.... ငါ့ဘာသာ ငါ့သီချင်းပဲ ငါနားထောင်မယ် "

နေကြာက ဖုန်းဖွင့်လိုက်ပြီး You Tube ထဲဝင်ကာ ESTB ရဲ့ သီချင်းတွေထဲက တစ်ပုဒ်ကို ဖွင့်လိုက်​ပြီး နားကြပ်တပ်လိုက်သည်။ နေကြာ့ကို မိုးမာန်က သနားစဖွယ်ကလေးမတစ်ယောက်လို ကြည့်လျက်...

" လောကမှာ Eternal Sunshine နဲ့ ဟိုခေတ်က သီချင်းတွေနဲ့ အင်္ဂလိပ်သီချင်းတွေပဲ သီချင်းမဟုတ်ဘူးဟ.... ကျန်တာတွေလည်း သီချင်းပဲ "

Sunflower: always long for only one.Dove le storie prendono vita. Scoprilo ora