_16_I don't want to be a heroine in any story.

2.5K 129 18
                                    

ရုပ်ရှင်တွေ ဝတ္ထုတွေထဲမှာ ဇာတ်လိုက်တွေဟာ သူတကာထက် ဇာတ်နာတယ်။ လောကဒဏ်ကိုပိုပြီးခံရတယ်။ သူတို့ဟာ အခက်ခဲတွေကိုရင်ဆိုင်၊ နာကျင်ဒဏ်ရာတွေကို သည်းခံရင်း နောက်ဆုံးမှပဲ ပျော်ရွှင်ခွင့်ရကြတယ်။ ကျမက ရုပ်ရှင်ဇာတ်လမ်းတွေထဲက ဇာတ်လိုက်တွေလို အခက်ခဲတွေကို နောက်ဆုံးထိ ခံနိုင်ရည်ရှိမယ်မထင်ဘူး။ ကျမက မသန်မာဘူး။ အဲ့ဒါကြောင့်... ဘယ်ဇာတ်လမ်းမှာမှ ကျမ ဇာတ်လိုက်မလုပ်ချင်ဘူး။ ဘယ်သူ့ဇာတ်လမ်းမှာမှလည်း ဗီလိန်မဖြစ်ချင်ဘူး။ ကျမအထပ်ထပ်အခါအခါ ပြောဖူးသလိုပါပဲ။ ဘယ်သူ့ကိုမှ မထိခိုက်စေမယ့်ဖြစ်တည်မှုမျိုးနဲ့ တိတ်တဆိတ် ရှင်သန်ချင်တယ်။ ချစ်သောသူများကို ပျော်ရွှင်စေနိုင်ခဲ့တယ်ဆိုရင် အတိုင်းထက် အလွန်ပေါ့။ ကို​ယ်နေထိုင်မယ့် ကောင်းကင်ကို ကိုယ်တိုင်ရွေးချယ်.... ကိုယ်မျက်နှာမူချင်ရာအရပ်ဆီ မျက်နှာမူကာ ဖူးပွင့်ခွင့်ရမယ်ဆို.... ဘဝမှာ နောက်ထပ်ဆုတောင်းရယ်လို့ မရှိတော့ပါဘူး။ ဘုရားသခင်ဟာ ကျမအပေါ်မှာ ရက်ရောတယ်လို့ပဲ သတ်မှတ်ပြီး ကျေးဇူးတင်နေပါ့မယ်။

" ကိုကိုသိလား။ ပြီးပြည့်စုံတဲ့ ဖြစ်တည်မှုဆိုတာ မရှိဘူးတဲ့.... "

တစ်ချိန်လုံး သူ့ကိုပဲ ငေးမောနေတတ်သော နေကြာက နေကြာတွေဆီ မျက်နှာမူလျက် စားဆိုနေသည်။ နေလုံးညိုလေးက ဟိုးအဝေးက တောင်တွေဆီမှာ မေးတင်နေပြီ။

" ကိုကိုက တစ်ခြားလူတွေရဲ့ဘဝတွေနဲ့ ယှဉ်ရင် နည်းနည်းလေးတော့ တော်သေးတာပေါ့လို့ တွေးလိုက်ရင် ဖြစ်တာပဲမလား "

ညနေခင်းဆိုတာ ကောင်းကင်ရဲ့ မှော်အဆန်ဆုံးအချိန်တဲ့။ ရောင်စုံတိမ်တွေနဲ့ လှနေတာလေ...

အဲ့ဒီကောင်ကင်အောက်မှာ နေကြာက အလှဆုံးဖူးပွင့်နေတာ...

" နေကြာကလေ.... ပါပါ့ကလေးအရင်းမဟုတ်ဘူးတဲ့ "

ထိုစကားကို တည်တည်ငြိမ်ငြိမ်လေး ပြောနေတဲ့ နေ့ကြာ့ကို အံဩတကြီး ပြန်ငေးရပါသည်။

" ပါပါနဲ့ မာမားက မွေးစားခဲ့တာတဲ့ "

ရုတ်တရက်ဆိုသလို ဒီနေကြာပန်းကလေး၏ ထူးဆန်းမှုများကို နားလည်သွားခဲ့သည်။

Sunflower: always long for only one.Where stories live. Discover now