_15_First love.

2.6K 134 6
                                    


ထာဝရတည်မြဲနေမယ့်အရာ။ ​မေ့ပစ်လိုက်လို့မရသော တည်ရှိမှု။ တစ်သက်လုံး သေရာပါ စွဲမြဲ နေမည့် ဒဏ်ရာ။ နောက်ပြီးတော့ ချိုမြိန်သော... တစ်ချိန်ထဲမှာ နာကျင်စေသော အရာ...

အချစ်ဦး။

🌻🌻🌻

" Instagram အသစ်ဖွင့်ထားတာလား "

နေသာဦး ဖုန်းသုံးနေတဲ့နားကို ရှိုင်းထက်ရောက်လာသည်။

" အင်း.... "

" ဘာလုပ်ဖို့လဲ... "

" သူများတွေက သူတို့ကောင်မလေးပုံတွေ story မှာတင်ကြ... comment သွားရေးကြနဲ့။ အားကျလို့... ငါလည်း ငါ့ကောင်မလေး တင်သမျှ လုပ်သမျှ story မှာ ပြန်တင်ပေးချင်လို့... နေကြာက official ချပြီး မတွဲရဲဘူးပြောလို့ကွာ... အဲ့ဒါကြောင့် acc သစ်ဖွင့်လိုက်တာ "

ရှိုင်းထက်က သူ့ကို လူရိုးကြီးဆိုပြီး ခပ်လှောင်လှောင် ကြည့်ကာ ရယ်သည်။

" ကောင်းပါတယ်။ မင်း ကောင်မလေးရသွားတာ သိသွားရင် ပရိတ်သတ်တွေ ပွက်လောရိုက်ကုန်လိမ့်မယ် "

နေသာဦးက ရှိုင်းထက်ကို ပြန်ကြည့်ကာ....

" မင်းက မိန်းကလေး ပရိတ်သတ်ပိုများတာ။ မင်းက ပိုစိုးရိမ်ရမှာ... "

ရှိုင်းထက်က မှင်သေသေနဲ့ ခပ်အေးပေးပဲ သူ့ဘေးဝင်ထိုင်သည်။ နောက်ပြီး ဆေးလိပ်မီးညှိသည်။ မီးညှိပြီးကာမှာ မီးပြန်သတ်ကာ...

" နွယ်နီ မကြိုက်ဘူး "

နေသာဦး တစ်ယောက်ထဲ ပြုံးနေခဲ့မိသည်။ ဒီကောင်က အဲ့ဒီမိန်းကလေးကို တကယ် ချစ်မြတ်နိုးခဲ့တာ... ဟိုးတစ်ချိန် သူတို့ စတင်ရင်းနှီးခဲ့တဲ့အချိန်ကနေ အခုထိ။ နွယ်နီကတော့ ရှိူင်းထက်နဲ့စာလျင် သွေးအေး တည်ငြိမ်သော မိန်းကလေး တစ်ယောက် ဖြစ်ပါသည်။

🌻🌻🌻

နွေဦးရာသီ။
ဒီမြို့ကလေးက​တော့ နွေမိုးဆောင်း အမြဲလှနေခဲ့တာပါပဲ။

" ဟယ်လီယာ.... ဟုတ်တယ်မလား။ ဟုတ်ပါတယ်... Helia the sunflower ဟုတ်တယ်... "

ထိုနေ့က တနင်္ဂနွေနေ့ဖြစ်ပါသည်။ ဖရက်ဒီနဲ့ နေကြာတို့ သားဖနှစ်ယောက် ဘုရားကျောင်းတက်ပြီး အပြန် ဘုရားကျောင်းရှေ့မှာ မိန်းကလေး တစ်ချို့နဲ့ တွေ့ခဲ့ရသည်။

Sunflower: always long for only one.Tempat cerita menjadi hidup. Temukan sekarang