_21_Let me give up.

2.3K 128 3
                                    


" မင်းတူမလေး အဆိုတော် ဖြစ်နေတယ်ဆို... "

" အေး... ဟုတ်ပ။ မျိုးရိုးလည်း မရှိပဲနဲ့.... သူကိုယ်တိုင်ရေးထားတယ်ဆိုတဲ့ သီချင်းတွေ ယူလာပြီး အဆိုတော်ဖြစ်ချင်တယ်လို့ ပူစာနေတာနဲ့... ငါ စူးနစ်နဲ့ မိတ်ဆက်ပေးလိုက်ရတယ်... "

" စူးနစ်ဆိုတဲ့ကောင်ကွာ.... တကယ်ကို ဒီအချိန်ထိ ရပ်တည်နေနိုင်သေးတာ တကယ် ဆရာကျတာပဲ... "

" ဒါနဲ့ မင်းသိလိုက်လား။ ဟိုတလောက Facebook ပေါ်မှာ နာမည်ကြီးနေတဲ့ အဆိုတော်လေးလေ.... sunflower ဆိုလား.... "

" ဟယ်လီယာဆိုတာလား.... "

" အေး.... အဲ့ကောင်မလေးက ငြိမ်းချမ်းရဲ့သမီးတဲ့... "

" ဟေ... ငြိမ်းချမ်းနဲ့ ဘယ်တုန်းက တွေ့လိုက်တာလဲ "

" December တုန်းကလေ.... ဟို FM ရဲ့နှစ်ပတ်လည်ပွဲမှာ သူ့သမီးက ဖျော်ဖြေတဲ့ထဲပါလို့ လာတာတဲ့.... "

တစ်ချို့ အားလပ်ရက်ဆို ဝတ်ရည်ဦးလေးနဲ့ သူငယ်ချင်းတွေ တွေ့ကာ သောက်ကြ စားကြလေ့ရှိပြီး အိမ်က ဆူညံနေတတ်သည်။ ဝတ်ရည်က နားကြပ်တပ်ထားတာတောင် သူတို့ ပြောနေကြသံတွေက ကြားနေရပြီး... အကြောင်းအရာသည် နေကြာ့အကြောင်း ဖြစ်နေတာမို့ သီချင်းကို ရပ်လိုက်သည်။

" ငါတို့ကိုလည်း အဆက်သွယ်ဖြတ်.... ရန်ကုန်ကို ခြေမချတော့တဲ့ ကောင်က.... သမီးနဲ့ကျမှ ရန်ကုန်ကို ပြန်ရောက်လာတယ်တဲ့လား။ နောက်ပြီး.... သူစွန့်ပစ်ခဲ့တဲ့ ဂီတလောကကို သူ့သမီးက ပြန်ဝင်လာတယ်ပေါ့.... "

" အေး.... ငါလည်း ခဏပဲ စကားပြောခဲ့ရတယ်။ နှင်းဆီ ဆုံးသွားပြီတဲ့.... "

" ဟုတ်လား.... နှင်းဆီက ငြိမ်းချမ်းဆီကို ပြန်သွားလိမ့်မယ် မထင်ခဲ့ဘူး... "

" ငါလည်း မထင်ခဲ့ဘူး.... "

" သူ့ သမီးက မအေတူတာနေမယ်... "

ဦးလေးရဲ့ သူငယ်ချင်းတစ်ယောက်က ခေါင်းယမ်းကာ ရယ်သည်။

" ဖအေတူတာကွ.... "

" ငြိမ်းချမ်းနဲ့လား.... "

" မဟုတ်ဘူး... စူးနစ်နဲ့ "

" ဘယ်လို.... "

" သူ့ချစ်တဲ့လူကိုလည်း လုပြီး.... သူ့သီချင်းတွေကိုလည်း လုထားတဲ့လူတစ်ယောက်ရဲ့ ကလေးကိုလည်း နှင်းဆီမရှိတော့တာတောင် ဆက်ပြီး စောင့်ရှောက်နေအုံးမယ်လို့.... ငါလည်း ထင်မထားဘူး"

Sunflower: always long for only one.Where stories live. Discover now