_5_But I'm sunflower, a little funny.

2.6K 143 6
                                    

ပန်းတွေအားလုံးထဲမှာမှ flower ဆိုတဲ့ စကားလုံးပါတဲ့ပန်းက Sunflower ဆိုတဲ့ နေကြာပန်းပဲ ရှိတာပါတဲ့။ ပန်းဖြစ်ပြီး ပန်းနာမည်မရှိလို့ပေါ့။ ပန်းပီသအောင် flower ဆိုတဲ့ စကားလုံးကို ထည့်ပေးထားရတာ။

ကျမကလည်း တစ်နည်းနည်းနဲ့တော့ အဲ့လိုမျိုးပဲလေ။ ပန်းနာမည်လေးနဲ့ မိန်းကလေးတစ်ယောက်ဖြစ်နေတာတောင်မှ ပန်းကလေးလို လှလှပပ ဘဝမှာ မရှင်သန်ခဲ့ရပါဘူး။

အဲ့ဒီလိုဆိုရင်တောင် နေရောင်ခြည်အောင်မှာ လှလှပပဖူးပွင့်ခွင့် ရချင်ခဲ့ပါတယ်။

🌻🌻🌻🌻🌻🌻

" အာ့..... "

ကောင်မလေးတစ်ယောက်က ကျောင်းအနောက်ဖက် အုတ်တံတိုင်းကို ကျော်တက်ကာ ခုံဆင်းနေတုန်း အုတ်တံတိုင်းခြေမှာဆေးလိပ်သောက်နေသည့် နေသာတို့ကို တွေ့သွားကာ ဟန်ချက်ပျက်ပြီး ခြေထောက်က ခေါက်သွားသည်။ အဖြူစိမ်းစကတ်လေးနဲ့ကောင်မလေးက သူမဆံပင်တွေကို သပ်တင်လိုက်ကာ သူတို့ကို မော့ကြည့်လာတော့မှ နေသာ အစက ရုတ်တရက်မို့ လန့်သွားရာကနေ အံ့ဩသွားရသည်။ သူမကလေ....

" ဟင်..... ကိုကို "

နေသာဦးက နေကြာ့ကို အထူးအဆန်းကြည့်နေရင်းက လက်ထဲက ဆေးလိပ်တိုကို နောက်ပို့လိုက်ပြီး သူမခြေထောက်တွေကိုပဲ ကြည့်နေမိသည်။

" ဘယ်လိုဖြစ်ပြီး ခြောက်တန်းကလေးက အုတ်တံတိုင်းကို ခုံကျော်လာတာလဲ.... "

ရှိုင်းထက်စိုးကတော့ နေကြာ့ကို ဂရုမစိုက်ပဲ အုတ်နံရံအခြေမှာ ကပ်ကာ ဆေးလိပ်သောက်နေဆဲဖြစ်သည်။

ကိုကိုက ဆေးလိပ်သောက်တယ်တဲ့။ ကျောင်းမှာ အားလုံးကိုဦးဆောင်နေသည့် သူတို့နှစ်ယာက်က ကျောင်းအပြင်မှာ ဆေးလိပ်ခိုးသောက်နေကြတယ်တဲ့။ နေကြာ့အတွက် အထူးအဆန်း ဖြစ်နေခဲ့ပါသည်။ ကိုရှိုင်းထက်စိုးရဲ့ပုံစံက အရင်ကတည်းက ဂျစ်စုတ်စုတ်မို့ ဆေးလိပ်သောက်တယ်ဆိုတာကို နားလည်ကြည့်လို့ရပေမယ့်.... ကိုကိုကတော့ အန်တီယုအတွက် အမြဲ လိမ္မာခဲ့တဲ့ ငါးတစ်ယောက်ဖြစ်ခဲ့တာမလား။ သူမ ဘယ်တုန်းကမှ သူ့ကို ဒီလိုပုံစံမျိုးနဲ့ ပုံဖော်ပြီး တွေးမကြည့်ခဲ့ဖူးပါ....

Sunflower: always long for only one.Where stories live. Discover now