_17_There's no one who doesn't deserve love. Anyone can be loved.

2K 128 12
                                    

ရုတ်တရက်ကြီးဆိုသလိုမျိုး မှောင်မည်းတိတ်ဆိတ်သွားတဲ့ ခံစားမှုမျိုး။
ဘာမှ မကြားချက်တော့ဘူး။ ဘာမှ မမြင်ချင်တော့ဘူး။ ဘာမှလည်း မလုပ်ချင်တော့ဘူး။
အလုံပိတ်ထားတဲ့အခန်းလေးထဲမှာ အမြဲတမ်းနေလိုက်ချင်တော့တယ်။

အရင်တုန်းကလည်း... ကျမက အဲ့ဒီအလုံပိတ် ကမ္ဘာလေးထဲမှာ တစ်ယောက်ထဲပါပဲ။ အပြင်ဘက်က လှပါတယ်...ဆိုပြီး သူက ဆွဲခေါ်ခဲ့ပြီးမှ... ဒီရက်စက်တဲ့ ကမ္ဘာကြီးထဲ ကျမကို တစ်ယောက်ထဲ ပစ်ထားရက်ခဲ့တာ။

ဘယ်သူ့ကို ယုံရတော့မှာလဲ။ ထပ်ပြီး ယုံကြည်ချင်သေးပေမယ့် နှလုံးသားက အဲ့လောက် အရေမထူခဲ့ဘူး...

ကျမ ပင်ပန်းသွားပြီ။

🌻🌻🌻

ချစ်တယ်ဆိုတဲ့ စကားတွေက ထာဝရအတွက် မဟုတ်ခဲ့ဘူး ထင်ပါသည်။

အမှောင်ချထားတဲ့ အခန်းကလေးထဲ နေကြာ ကိုယ့်ကိုယ်ကို ပိတ်ထားခဲ့သည်။ လူတွေနဲ့ မျက်နှာချင်းဆိုင်ရမှာ... စကားပြောဆိုဆက်သွယ်ရမှာကို အရင်တုန်းက မကြိုက်ခဲ့ရုံလေးတင်ပဲပေမယ့် အခုတော့ မုန်းနေမိသည်။

ဖြစ်နိုင်ရင်ပေါ့....
ဒီနေရာကနေ ဘယ်မှ မသွားချင်တော့ဘူး။

ဖုန်းတွေက ဆက်တိုက်လာနေပေမယ့် နေကြာမကိုင်မိပါ။ ဗိုက်ဆာနေပေမယ့်လည်း ဘာမှလည်း မစားဖြစ်ခဲ့ပါ။ အပြင်မှာ မိုးတွေရွာနေတာကိုသိပေမယ့် နေကြာက အိပ်ယာထဲမှာ တစ်ချိန်လုံး ငြိမ်သက်နေခဲ့မိသည်။

_ ငါစိတ်တိုလာပြီနော်။ နေကြာ... ဖုန်းကိုင်စမ်း
_ နေကြာ....
_ ငါ ဒုတိယဆုပဲ ရခဲ့တယ်။

ဖွင့်မဖတ်လည်း lock screen မှာ ပေါ်နေတဲ့ မက်ဆေ့ဂျ်တွေကိုတော့ မဖတ်ချင်လည်း မြင်နေရသည်။

_ နေကြာ နင်ကျောင်းမသွားဘူးဆို
_ လိုင်းပေါ်တက်ခဲ့။ ပြသနာတွေတက်နေပြီ...

ဆက်တိုက်ဆိုသလို ဝင်လာတဲ့ message တွေကို နေကြာက ခံစားချက်မဲ့စွာ ဖတ်နေမိသည်။

_ငိုနေတာလား။

မငိုပါဘူး။ ငိုချင်နေခဲ့ပေမယ့် မျက်ရည်တွေဝဲခဲ့ပေမယ့် ငိုလို့မရခဲ့ဘူး။

Sunflower: always long for only one.Dove le storie prendono vita. Scoprilo ora