_14_Living in the dreams.

2.2K 139 8
                                    

အဲ့ဒီနေ့ရက်တွေမှာ ကျမက အိပ်မက်တွေထဲမှာ ရှင်သန်နေတဲ့ လူတစ်ယောက်နဲ့တူနေခဲ့တယ်။ ပျော်ရွှင်ခြင်းဟာ ကျမနဲ့မဆိုင်တဲ့ သီချင်းတစ်ပုဒ်ဖြစ်ခဲ့ပေမယ့် သူတီးခတ်ပေးတဲ့ ဂီတမှာ ကျမဟာပျော်ဝင်... သီဆိုကြူးရင့်ခွင့်ရခဲ့ပါတယ်။ 

🌻🌻🌻🌻

မနေ့ညက....

အိပ်မက်....လား။ အိပ်မက် မက်နေခဲ့တာလား။ ကြယ်တွေအတူကြည့်ခဲ့ကြတာ တကယ်လား....

နေကြာက အခုချိန်ထိ အိပ်မက်က မနိုးသေးတဲ့လူတစ်ယောက်လိုမျိုး ဘယ်ဟာက အစစ်လဲဆိုတာကို ဝေခွဲရခက်နေသည်။ မနေ့ညက သူမအိမ်ကို ပြန်ရောက်ခဲ့ပြီး အိပ်သည်။ အိပ်မက်တွေဆက်တိုက်မက်ပြီး မနက်အစောကြီးမှာ နိုးနေခဲ့သည်။ နေကြာ ကုတင်ပေါ်က ဆင်းကာ ပိတ်ထားသည့် ပြတင်းပေါက်ကို တွန်းဖွင့်လိုက်သည်။ ပတ်ဝန်းကျင်ဟာ မြူတွေရစ်သိုင်းနေပြီး တောင်တွေရှိရာကိုလှမ်းကြည့်ပေမယ့် တောင်တွေကို မမြင်ရ။ တစ်ညလုံးလင်းနေခဲ့သော လမ်းမီးတိုင်လေးက မှိန်ဖျော့ဖျော့ လင်းနေဆဲ ဖြစ်သည်။

" အေးလိုက်တာ.... "

သူမစကားပြောလိုက်တော့ ပါးစပ်ထဲက အငွေ့တွေထွက်လာသည်။ ကိုယ့်လက်မောင်းတွေကိုယ် ထွေးပွေ့ရင်း တံခါးပြန်ပိတ်မယ်လုပ်ခါမှ လမ်းပေါ်မှာရပ်နေပြီး သူမကိုမော့ကြည့်နေသော နေသာဦးကို သူမ မြင်သည်။

" ကိုကို.... "

" အောက်....ဆင်း...ခဲ့.... "

သူ​ပြောနေတာက လေသံလေးနဲ့ပေမယ့် နေကြာက သူ့အမူယာကို ကြည့်ကာ နားလည်သည်။ နေကြာ ခေါင်းညိတ်ပြလိုက်ပြီး လက်ဟန်ခြေဟန်ပြကာ အောက်ကို ဆင်းခဲ့မည့်အကြောင်း ပြောပြကာ အပြေးတစ်ပိုင်း အိမ်အောက်ထက်ကို ဆင်းခဲ့သည်။ ၅နာရီလောက်ဆို ဖရက်ဒ်က အိပ်ယာထချိန်ဖြစ်ပေမယ့် အခုက.... မနက် ၄နာရီခွဲလောက်ပဲ ရှိအုံးမည်။ ပတ်ဝန်းကျင်သည် ဆီးနှင်းများဝေ့ဝဲကာ မှောင်ပိတ်နေဆဲ ဖြစ်ပါသည်။

" ကိုကို.... "

နေကြာ သူ့ရှေ့ရောက်တော့ မောနေသည်။ နေသာဦးက စက်ဘီးပေါ်ကနေ နေကြာ့ကို ကြည့်ကာ....

Sunflower: always long for only one.Where stories live. Discover now