_20_There's a tale.

2.1K 124 13
                                    

"cut... cut... Sunny ရေ ရိုက်ကူးရေးကို နည်းနည်းလောက် အာရုံစိုက်ပါဦး.... အဲ့လို မဟုတ်ဘူးလေ... "

သူတို့မှာ ဒီ Scene လေးကိုပဲ ခဏခဏ ပြန်ရိုက်နေရသည်။ သရုပ်မ​​ဆောင်တတ်ပါဘူးဆိုတဲ့ နေသာ့ကိုမှ MTV မှာ မင်းသား တင်ရိုက်မှတော့ ဒီလိုပဲ ဖြစ်မှာပေါ့။ နောက်ပြီး အတူတွဲသရုပ်ဆောင်ရတဲ့ မိန်းကလေးက အမ်မလီနိုင်ခေါ် ဝတ်ရည် ဖြစ်နေတာ။

ဝတ်ရည်သည် ဦးစူးနစ်ရဲ့ တေးသံသာ Production နဲ့ စာချုပ်ချုပ်ပြီးသွားပြီ။ ထိုကြောင့် ESTB ရဲ့ MTV ရိုက်ကူးရာမှာ လာရောက် ကူညီအားဖြည့်ရတာမျိုး ဖြစ်သည်။ Production တစ်ခုထဲက လူတွေမို့ ဒီလိုပဲ အချင်းချင်း ကူညီရတာ သဘာဝပဲ ဖြစ်သည်။

" ဒါရိုက်တာကြီး... ခဏနားလိုက်ပါလား။ သူလည်း ပင်ပန်းနေမှာ.... "

" အေး..... အဲ့လုပ်ပဲ လုပ်ရမှာပေါ့ Emily။ Sunny.... နားပြီးရင်တော့ သေချာ သရုပ်ဆောင်ကွာ... "

" ဟုတ်.... "

စိတ်အခြေနေက မကောင်းဘူး​ဆိုမှတော့ ဘာလုပ်လုပ်အဆင်မပြေတော့ဘူးပေါ့။ သူငယ်ချင်းတွေက ပလစ်တာ ခံထားရသည်။ နောက်ပြီး.... ဘယ်လိုအခြေနေမျိုးမှာပဲဖြစ်ဖြစ် တစ်ချိန်လုံး သူ့ကိုပဲ ကြည့်နေတတ်သော နေကြာရဲ့ မျက်ဝန်းများက သူ့ဆီမှာ မဟုတ်တော့ပါ။ အနီးနား ပတ်ဝန်းကျင်မှာ ရှိနေတာတောင်မှလေ...

" ကိုကို.... ပင်ပန်းတယ်မလား။ ကော်ဖီယူလာတယ်.... "

ဝတ်ရည်က ကော်ဖီပေးနေတာကို နေသာက တစ်ခြားတစ်နေရာကို ငေးကြည့်နေသည်။

" လိုက်လာခဲ့တော့လည်း... ပျော်စရာ ကောင်းသွားတာပဲ မလား။ စိတ်ပြေလက်ပျောက်ပေါ့... အမြဲတမ်း အခန်းထဲမှာ ပိတ်နေရင် ပိုပြီး လူတွေနဲ့ ဝေးသွားလိမ့်မယ်.... "

" ဟုတ်.... "

စတော်ဘယ်ရီ စိုက်ခင်းတွေထဲမှာ နေကြာက နွယ်နီနဲ့အတူဝင်ရောက်ပြီး လျောက်ကြည့်နေသည်။

" လှတယ်နော်.... ဒီခြံက... "

" Forever Land ကို နေကြာ တစ်ခါမှ မရောက်ခဲ့ဖူးဘူး "

နေသာဦးတို့ ဒီ​နေ့ရဲ့ရိုက်ကူးရေးက သူတို့မြို့ရဲ့ အလှဆုံးလို့ ပြောကြသော Forever Land မှာဖြစ်ပြီး နွယ်နီက နေကြာ့ကို ပါအောင် ခေါ်လာတာ ဖြစ်သည်။

Sunflower: always long for only one.Where stories live. Discover now