_13_On the day when the sun and sunflower are together.

2.1K 130 18
                                    

ကျမတို့အရွယ်ရောက်ပြီလို့ သိတဲ့အချိန်က အသက်အရွယ်နဲ့မဆိုင်ပါဘူး။ ရောက်ရှိလာတဲ့ လောကဒဏ်ကို ဘယ်လို လက်ခံလိုက်သလဲဆိုတာကို မူတည်ပြီး အရွယ်ရောက်တာကို ဆုံးဖြတ်ကြတယ်တဲ့။ တနည်းအားဖြင့်ပြောရရင် ရင့်ကျက်လာတာမျိုးပေါ့။

အရွယ်ရောက်တယ် မရောက်ဘူးဆိုတာကတော့ သတ်မှတ်ချက်တစ်ခုပါပဲ။ ဒါပေမယ့် အသက်ကတော့ တစ်နှစ်ပြီး တစ်နှစ် ကြီးလာမှာပါပဲ။ အသက်ကြီးလာတဲ့အခါ လုပ်ချင်တဲ့အရာတွေကို မိဘဆီခွင့်တောင်းစရာမလိုတော့ပဲ ကိုယ့်ဘာသာ ဆုံးဖြတ်လုပ်ပိုင်ခွင့်တွေ ရှိလာခဲ့ပေမယ့် လွတ်လပ်သွားတယ်လို့ မခံစားရပဲ တစ်နေရာရာမှာ တွယ်နှောင်ရစ်ပတ်နေမိကြတယ်။ တစ်ချို့အတွက် အမြဲ လွမ်းဆွတ်နေမိတဲ့အရာက ကျောင်းဖြစ်ချင်ဖြစ်မယ်.... နေခဲ့တဲ့ မြို့ကလေး ဖြစ်ချင်ဖြစ်မယ်... ကျမအတွက်ကတော့ အိမ်ဖြစ်ပါတယ်။

အသက်ကြီးလာတဲ့အခါ ဝမ်းအနည်းရဆုံးကတော့ ကျမတို့ မိဘတွေက ငယ်ငယ်တုန်းကလို မနုပျိုတော့တာပါပဲ။ အဲ့ဒါကြောင့် အသက်ရှင်နေတဲ့ အတောအတွင်းမှာ အတူရှိနေပေးချင်ခဲ့တယ်။

ဘဝဆိုတာက ထင်ထားတာထက် တိုတယ်မလား။

🌻🌻🌻
January.

လွတ်လပ်ရေးနေ့ ကျောင်းပိတ်ရက်နဲ့ စနေတနင်္ဂနွေ ကျောင်းပိတ်ရက် ကပ်လျက်မို့ ၃ ၄ရက်ဆက်တိုက် ကျောင်းပိတ်တာနဲ့ နေကြာက အိမ်ကို အပြေးပြန်ခဲ့သည်။ သွားလိုက်ပြန်လိုက် ပင်ပန်းမယ်ဆိုပေမယ့်လည်း အိမ်ကို ပြန်ရတာမို့လို့....

" ပါပါ မီးငယ်ကူပေးမယ် "

နေကြာက ကော်ဖီဗန်းကို ယူကာ သွားချပေးဖို့လုပ်တော့ ဖရက်ဒီက သူမကို ထူးဆန်းသလို ကြည့်နေသည်။

" အိမ်ပြန်ရောက်တုန်း.... နေပါ။ ပါပါပဲ လု​ပ်ပါ့မယ် "

" မီးငယ်က ကူပေးချင်လို့ကို "

" ဟုတ်ပါပြီဗျာ.... အဲ့ဒါဆို ဒီ၂ခွက်က ဟိုဘက်ထောင့်ဝိုင်း။ ဒီတစ်ခွက်က ဟိုအလည်ခေါင်က ဝိုင်း "

" ဟုတ်.... "

ကော်ဖီဗန်းကို ဂရုတစိုက်သယ်သွားတဲ့ သမီးကို ကြည့်ကာ ခေါင်းယမ်းနေရင်း ပြုံးမိသည်။

Sunflower: always long for only one.Where stories live. Discover now