_24_Songs on the radio.

2.4K 126 2
                                    

" ငါ.... နင့်ကို ချစ်တယ် နွယ်နီ... "

နွယ်နီသည် အရယ်အပြုံးမရှိ သူမရှေ့က လူကို ကြည့်နေသည်။ ထိုလူသည် နောက်ဆုံးလက်ကျန်သံယောဇဉ်တွေကို လှည့်မကြည့်တော့ပဲ အကုန်ဖျက်ဆီးပစ်ဖို့ပဲ ကြိုးစားနေသည်။

" အခုချိန်မှ ပြောရလို့ အားနာပေမယ့်.... ငါ အရင်ကတည်းကနေ အခုချိန်ထိ ငါ နက့်တစ်ယောက်ထဲကိုပဲ ချစ်ခဲ့တာ နွယ်နီ.... "

" နောက်ကျသွားပြီ ကောင်းဆက်..... "

သူမ အဲ့ဒီစကားကို အကြာကြီး မျှော်လင့်ခဲ့ဖူးသည်။ ဒါပေမယ့်... အခုချိန်မှာ အဲ့ဒါတွေက မလိုအပ်တော့ပါဘူး... တကယ် မလိုအပ်တော့ဘူး။

" ဘာလို့လဲ.... နွယ်နီ.... နင် ရှိုင်းထက်နဲ့ လမ်းခွဲလိုက်တာ ကြာပြီမလား.... နောက်ပြီး ငါ့ကို နင်... ချစ်တယ်မလား.... နင် ငါ့ကိုရွဲ့ပြီး ရှိုင်းထက်နဲ့ တွဲခဲ့တာမလား.... "

" တော်တော့.... ကောင်းဆက်။ ငါ နောက်ဆုံးအချိန်ထိ နင်နဲ့ ငါ့ကြားက သူငယ်ချင်းသံယောဇဉ်လေးကို ထိန်းသိမ်းထားချင်တာ... နင် အဲ့ဒါကို ဖျက်ဆီးပစ်လိုက်တာပဲ... "

" ဘာတွေ ပြောနေတာလဲ.... နွယ်နီ.... နင်ပြောတာတွေ ငါနားမလည်တော့ဘူး.... "

" အား..... "

နွယ်နီက သူမဆံပင်တွေကို ထိုးဖွလျက် စိတ်ရှုပ်ထွေးစွာ အော်နေသည်။ ပြီးမှ ကောင်းဆက်ကို မော့ကြည့်ကာ....

" တကယ်ပဲ.... လူတွေရော အချိန်တွေရောက ထူးဆန်းလိုက်တာ... အကုန်လုံး ပြောင်းလဲကုန်ကြတာပဲ.... "

နွယ်နီက သက်ပြင်းရှည်ကြီး ချကာ....

" ငါနင့်ကို တစ်ဖတ်သတ်ချစ်ခဲ့ဖူးတယ်။ ကောင်းဆက်.... ဒါပေမယ့် အဲ့ဒါတွေက ပြီးသွားပြီ... နင်က ငါ့အတွက် အကြာကြီးပေါင်းလာခဲ့တဲ့ သူငယ်ချင်းပဲ... အဲ့ဒီထက် မပိုတော့ဘူး.... "

နှလုံးသားက ပြောင်းလဲတတ်တယ်ဆိုတာမျိုး နွယ်နီသင်ယူပြီးခဲ့ပြီ...

" အခုလို.... နင်က ရည်းစားစကားပြောတာက... ငါ့ကို နင်တို့ကြားမှာ အနေရခက်အောင် လုပ်လိုက်တာပဲ... "

ကောင်းဆက် သူမကို ကြည့်တော့ မျက်လွှာကလေးချလျက် ငုံ့နေသည်။

Sunflower: always long for only one.Where stories live. Discover now