ကျမမှာ ဆူးတွေ မရှိပါဘူး။ လေဒဏ်မိုးဒဏ်လည်းခံခဲ့ရပြီး ကောင်းကင်ကြီးအောက်မှာ အကာအကွယ်မရှိပဲ ရှင်သန်လာခဲ့တဲ့ ပန်းတစ်ပွင့်ဖြစ်ပါတယ်။ မြေရိုင်းတောမှာ ရိုးရိုးလေးရှင်သန်နေခဲ့ပြီး တစ်ယာက်ထဲကိုပဲ အမြဲ မျက်နှာမူကာ ပွင့်နေမယ့် ပန်းကလေးတစ်ပွင့်သက်သက်ဖြစ်ပါတယ်။
🌻🌻🌻🌻🌻
" အန်တီယု..... "
" ကိုကို.... "
နေကြာက အပြာရောင်တံခါးပေါက်ကလေးကို တွန်းဖွင့်ကာ ပြန်ထူးသံမကြားလည်း ဆက်ဝင်ခဲ့သည်။ ဒီအိမ်က သူမအတွက် တံခါးမရှိ ဓားမရှိ ဖြစ်လာခဲ့ပြီမို့.... သူမကိုယ်တိုင်လည်း သူများအိမ်ထဲကို ဝင်ဖို့ အရင်ကလောက် မကြောက်တော့လို့။
" အမေ့..... "
ခွေးကလေးတစ်ကောင်က သူမအပေါ်ခုံအုပ်တော့ သေးသေးလေးကိုပဲ ရုတ်တရက်မို့ နေကြာက မြေကြီးပဲ လဲကျတော့သည်။
" ကိုကိုရေ့..... မီးငယ်ကို ကယ်ပါအုံး "
နေကြာက အော်ငိုတော့မှ ခွေးလေးက နေကြာ့ကို လျှာနဲ့လျက်လိုက် သွားကလေးနဲ့ ဖွဖွငုံလိုက်လုပ်နေတာက ရပ်ကာ အမြီးတယမ်းယမ်းနဲ့ နေကြာငိုနေတာကို ဘေးမှာ ထိုင်ကြည့်နေသည်။
ဝုတ်.... ဝုတ်....
ခြံတံခါးဖွင့်သံကြားတာနဲ့ ခွေးကလေးက အိမ်ရှေ့ကို ပြေးထွက်သွားသည်။
" ဟောတော်..... နေကြာ.... မြေကြီးထဲမှာ ဘာလုပ် "
လင်တစ်ဖက်က အထုပ်တွေဆွဲ တစ်ဖက်က ပန်းတွေကို ပွေ့ဝင်လာတဲ့အန်တီကြီးက နေကြာ့နားရောက်လာတော့မှ....
" ဟောတော်..... ငိုနေတယ် မြေကြီးထဲမှာ.... သမီးထလေ "
ဒန်းစင်ပေါ် အထုပ်တွေပန်းတွေ ပြေးတင်ပြီး နေကြာ့ကို လာထူသည်။
" ဟိုကောင်လေ.... နေသာ.... လာအုံး။ မင်းညီမက ငိုနေတယ်.... ဂျက်နဲ့ ဆော့မနေနဲ့တော့.... "
အမေဖြစ်သူက လှမ်းခေါ်မှ နေသာဦးက မီးအဖြူရောင်နှင့် အနက်ရောင်စပ်ထားသည့် နားရွက်ထောင်ထောင်နဲ့ခွေးကလေးကို ပွေ့ချီကာ ဝင်လာသည်။ အိမ်ထဲရောက်မှာ ငိုနေတဲ့ နေကြာ့ကို မြင်ကာ....
![](https://img.wattpad.com/cover/280336268-288-k204421.jpg)
YOU ARE READING
Sunflower: always long for only one.
RomanceZawGyi code is below. Sunflower met her sun. And a beautiful love story started. Any character in this story doesn't represent anyone in real life. If there's any resemblance, it's just a coincidence. July 20_ October 28 2021