_10_Before the promised flowers born again.

2.2K 144 9
                                    

ကျနော်က အရာရာကို ပိုလျှံစွာပိုင်ဆိုင်ထားတဲ့ လူတစ်ယောက်ပါ။ ချစ်ခြင်းမေတ္တာက လွဲလို့ပေါ့....

ကျနော့်မှာ တစ်နေ့ကျရင် ဆက်ခံရမယ့် အမွေအမြောက်များရှိပါတယ်။ အစစ်အမှန်လို့ထင်ရတဲ့ တကယ်မဟုတ်တဲ့ သူငယ်ချင်းတွေအများကြီးရှိပါတယ်။ အမေဆိုလည်း ၂ယောက်တောင် ရှိပါတယ်။

ဒါပေမယ့်လေ.... တစ်ကမ္ဘာလုံးကို ပိုင်ဆိုင်ထားတာတောင်မှ အထီးကျန်နေသလိုမျိုး ခံစားဖူးကြလား။

ကျနော်က မိခင်အရင်းဆီက နွေးထွေးတဲ့ချစ်ခြင်းမေတ္တာကို မရခဲ့ဖူးသလို.... နောက်ထပ်အမေတစ်ယောက်ဆီကရတဲ့ ချစ်ခြင်းမေတ္တာကျလည်း နည်းနည်း မွန်းကျပ်ဖို့ကောင်းအောင် သခင်လေးတစ်ယောက်ကိုဆက်ဆံတာနှင့် ပိုတူပါတယ်။

အားလုံးပေါင်းပြီး တစ်လုံးထဲနဲ့ ထိုအရာကို ဖော်ပြရမယ်ဆိုရင်တော့ မေတ္တာအစစ်မှန်ကိုငတ်မွတ်ခြင်း ပါပဲ။

အဲ့ဒါကြောင့်.... ကျနော်က နေကြာပန်းကလေးကို ရှာဖွေခဲ့တာပါ။ သူမက နာကျင်ခြင်းတွေကို ကုစားနိုင်တယ်လို့.... တစ်စုံတစ်ယောက်က ပြောပြဖူးခဲ့တယ်လေ....

🌻🌻🌻

" နေကြာ.... လာ.... ငါနင့်ကို လူတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ် "

စာမေးပွဲခန်းက ထွက်ထွက်လာခြင်း မိုးမာန်က သူမကို လက်ကနေ ဆောင့်ဆွဲခေါ်တော့ ငြင်းချိန်မရပဲ သူ့နောက်ပါလာရတော့သည်။

" မိုးမာန်..... ငါ ဘယ်သူနဲ့မှ မတွေ့ချင်ဘူးလို့ဆိုနေ.... "

ဘဝထဲကိုလေ.... နောက်ထပ် အသစ်အသစ်သောလူတွေကို ဝင်လာဖို့ တတ်နိုင်သမျှ ရှောင်ချင်ခဲ့တာပါ။

" မရပါဘူး.... ငါပြောဖူးတယ်မလား။ ငါ့ဘဝမှာ အရေးကြီးဆုံးလူတစ်ယောက်ရှိတယ်လို့လေ.... အခု ငါမိတ်ဆက်ပေးမှာ အဲ့ဒီလူပဲ.... နောက်ပြီး နင်ငါ့ကို ယုံလိုက်။ နင် သူနဲ့တွေ့ရလို့ နောင်တမရစေရဘူး.... "

နောက်တစ်ခေါက် ထပ်ယုံပေးလိုက်ရင်လည်း ဖြစ်တာပဲလေ....

နေကြာက ဘာမှ မပြောတော့ပဲ နှုတ်ဆိတ်လျက် သူဆွဲခေါ်ရာနောက် လိုက်ခဲ့တော့သည်။ နေကြာက ခါတိုင်းလိုပဲ ဆေးဆိုးထားခြင်းမရှိပေမယ့် အနည်းငယ်ညိုနေသည့် ဆံပင်ကောက်ကောက်လေးများကို နှစ်ဖက်ခွဲကာ ကျစ်ထားသည်။ သူတို့က နည်းပညာတက္ကသိုလ်မို့ ယူနီဖောင်း အဖြူနဲ့ နက်ပြာရောင် ဆင်တူကလေးတွေ ဖြစ်နေကြသည်။ စာမေးပွဲချိန်​မို့ အနည်းငယ် ပူနေတာတောင် ကျောင်းသားတွေက လက်ရှည်တွေပဲ ဝတ်ထားကြရသည်။ သူမတို့ကျောင်းက တစ်ခြားသောနည်းပညာကျောင်းတွေထက်ကို ပိုပြီး စည်းကမ်းကြီးသည်လေ....

Sunflower: always long for only one.Where stories live. Discover now