_2_Fairyfloss.

3.5K 150 3
                                    

နောက်တစ်ခေါက် ပျော်ခွင့်မရှိတော့ဘူးလို့ ထင်ခဲ့တာပါ။ ဘယ်လိုပြုံးရမလဲတောင် မေ့နေခဲ့တဲ့ကျမကို သူက နောက်တစ်ခေါက် ရယ်မောစေခဲ့တာပေါ့။ ပျော်ရွှင်ခြင်းက လူတိုင်းနဲ့ထိုက်တန်ကြောင်း သူကပဲ ကျမကို ပြောပြပေးခဲ့တာလေ။

🌻🌻🌻🌻🌻

နှစ်တွေ အကြာကြီး ကြာမှာ ဒီကလေးငယ်၏ အပြုံးကို ပြန်မြင်ခဲ့ရသည်။ ဟန်ဆောင် ပန်ဆောင် အပြုံးမျိုးမဟုတ်ပဲ..... ပျော်ရွှင်လို့ ပြုံးသည့်အပြုံး။

" ကြိုက်တယ်မလား..... "

" ဟုတ်.... "

နေကြာက ပြုံးရုံကလေး ပြုံးနေတာကိုပဲ ချစ်စရာကောင်းသည်။ မျက်ခုံးမွှေးတန်းတန်းလေးအောက်က မျက်ရစ်မပါသော မျက်လုံးကျဉ်းကလေးများ ဒီလိုတောက်ပနေတာမျိုး အခုမှ မြင်ဖူးလေသည်။ နေသာဦးက သူမပုံဆွဲရတာ ကြိုက်တယ်ဆိုပြီး ရေဆေးနှင့် စုတ်တံတစ်ချို့.... စာအုပ်တစ်ချို့ ဝယ်လာပေးခဲ့ခြင်း ဖြစ်သည်။ အားနာပေမယ့် နေကြာအခုလို ပြုံးနေတာကို မြင်ရတော့ Fredလည်း ဝမ်းသာရပါသည်။ ဘာလိုချင်တယ်... ဘာဖြစ်ချင်တယ်လို့ ပူဆာတတ်သူမဟုတ်တော့ နေကြာဘာဖြစ်ချင်မှန်း Fred မသိခဲ့ပါ။ ဒီသမီးလေးပျော်ရွှင်ရဖို့ပဲ အမြဲစိတ်ထဲမှာ ရှိခဲ့ပေမယ့်.... ဒီတစ်ခါတော့ သူ နောက်ကျ ကျန်ခဲ့ပါသည်။

" နောက်ကျရင် ကိုကို့ကို ပုံဆွဲပေးရမယ်နော်..... "

" ဟုတ်..... "

နေကြာ့ဆီက စကားကြားတော့ နေသာဦးက အံ့ဩကာ ပြုံးရသည်။ အဝေးက လှမ်းကြည့်နေသည့် Fred လည်း သမီးငယ်၏ ရှားပါးအပြုံးကလေးကို လွတ်သွားမှာ စိုးသည့်အလား ငေးမဝကြည့်နေခဲ့ပါသည်။

" ကိုကိုလေ့ကျင့်ပြီးရင် အိမ်အလည်လိုက်မလား.... ကိုကိုတို့ အိမ်ကို ကြိုက်တယ်ဆို.... "

နေကြာက Fred ကို ခွင့်တောင်းတဲ့အနေဖြင့် လှမ်းကြည့်သည်။ Fred က ပြုံးပြကာ ခွင့်ပြုတော့ သူမက ခေါင်းငြိတ်ကာ သဘောတူသည်။

" နောက်ပြီး ကိုကို မြို့ထဲကို လျောက်မလည်ရသေးဘူး။ နေကြာရော လိုက်ခဲ့လေ..... ရှမ်းခေါက်ဆွဲ ကျွေးမယ် "

Sunflower: always long for only one.Where stories live. Discover now