နောက်တစ်နေ့ ကျောင်းရောက်တော့ အတန်းမှာ မင်း ထင်လွယ်အိတ်ကို တွေ့လိုက်ရသည်..။ ဒီမြင်ကွင်း လေးကြောင့်နဲ့ ကျွန်တော့်အတွက် ဒီနေ့ မနက်ခင်း လေးကတော့ မင်္ဂလာရှိသွားပါပြီ..။ ဒါပေမဲ့ မင်းထင် လွယ်အိတ်ကိုသာ တွေ့ပြီး လူကိုတော့ မတွေ့မိချေ..။ ၁၀တန်းဘီခန်းဘက် ချောင်းကြည့်တော့လည်း မတွေ့..။
"ဘယ်ရောက်နေတာလဲ မသိဘူး.."ကျွန်တော်လည်း ထိုင်ခုံနေရာသို့ ပြန်လာလိုက်ပြီး လက်၌ ပတ်ထားသော နာရီကို ငုံ့ကြည့်လိုက်သည်..။ ၆နာရီ ၁၀မိနစ်သာ ရှိသေးသည်..။
အင်း..ကျောင်းတက်ဖို့ မိနစ်၂၀တော့ ကျန်သေး သည်။ထို့ကြောင့် ထုံးစံအတိုင်း လွယ်အိတ်ကို ဖင်ထိုင်ခုံ၏အစွန်း၌ ထားကာ တုံးလုံးလှဲ အိပ်တော့ မည်ဖြစ်သည်..။ ဒီလိုအိပ်တဲ့နေရာမှာတော့ မင်းထင်နဲ့ ကျွန်တော်က အတိုင်အဖောက်ညီကြသည်..။
ဆရာမတွေ အတန်းမဝင်တဲ့အချိန်ဆိုရင် လွယ်အိတ် နှစ်လုံးကို ခုံတန်းရှည်အလယ်မှာ ထားပြီး ခေါင်းချင်း ဆိုင် အိပ်လေ့ရှိကြသည်..။ တစ်ခါတစ်လေဆိုရင် အရှိန်လွန်ပြီး ကျောင်းမုန့်စားဆင်းချိန်တောင် မသိ လိုက်တဲ့နေ့တွေ ရှိသည်..၊ မသိလိုက်ဆို မုန့်စားဆင်း ချိန်က ၁၅မိနစ်တည်း ရတာကိုး..။
အခုတော့ တစ်ယောက်တည်း ကျယ်ကျယ်ဝန်းဝန်း အိပ်ရတော့မည်..။ ပက်လက်လေးလှန်..၊ မျက်စိလေး မှိတ်..၊ လက်နှစ်ဖက်ကို ပိုက်ကာ ဆန့်ဆန့်ကြီး အိပ် တော့မည်..။
ခနကြာတော့ ကျောင်းတက်ခေါင်းလောင်းထိုးသံ ကြားလိုက်သဖြင့် ပြန်ပြီးကုန်းထကာ အနောက်တန်း ဘက်ကို လှည့်ကြည့်လိုက်တော့ မင်းထင်ကို မတွေ့..။
နောက်တော့ ကျွန်တော်သိလိုက်တာက..။အာ..ဟုတ်သားပဲ..။ ဒီနေ့က အင်္ဂါနေ့ပဲ..၊ မင်းထင် အသင်းကိုး..။ ပြောတဲ့အတိုင်းပင်..၊ခနကြာတော့ မီးညှပ်တို့ အမှိုက်ပုံးတို့ကို ကိုင်ကာ အသင်းသား တစ်သိုက် ပြန်ရောက်ချလာသည်..။
အင်္ကျီလက်ရှည်ကို တံတောင်ဆစ်ထိခေါက်ထားပြီး ကြယ်သီးနှစ်လုံးဖြုတ်ကာ ဝတ်ထားသည့် မင်းထင်က ကျွန်တော့်ကို တွေ့တော့ မပီမသ အပြုံးလေး ပြုံးပြ လေသည်..။
YOU ARE READING
လိုသုံး (Season-1) [Completed]
Romance~~Hmuu Thar Khant's Diary~~ ကျွန်တော်က သူ့အတွက် အရေးပါတဲ့သူတစ်ယောက် ပါ..၊ မဟုတ်ဘူး..အရေးပါတာထက် အသုံးလိုတဲ့သူ တစ်ယောက်ပါ 💔💔 #This fiction is written with both unicode and zawgyi. ~~Hmuu Thar Khant's Diary~~ ကျွန်တော်က သူ့အတွက် အရေးပါတဲ့သူတစ်ယောက်...