Happy New Year နေ့ မရောက်ခင် တစ်ရက် အလို..
[မြတ်မင်းထင်]
"ငါ မနက်ဖြန် မှူးကို ဖွင့်ပြောတော့မယ် ရှင်း.."
ပုံဖော်ထားသော coffee ကို ဇွန်းဖြင့် မွှေနေရင်း အ ရှေ့၌ တိတ်ဆိတ်စွာထိုင်နေသော ရှင်းကို ကျွန်တော် စပြီးစကားပြောလိုက်သည်..။
"ဪ..အင်း..ပြောလေ..နင် ပြောသင့်နေတာကြာပြီ "
"ဟုတ်ပါတယ်..အရင်က မပြောခဲ့ဘူးဆိုတာက ငါ့ကိုယ် ငါတောင် မသိသေးတော့ မပြောဖြစ်ခဲ့တာပါ..အခုတော့ ငါ သိပြီ..ငါ မှူးကို ချစ်နေတယ်ဆိုတာ ငါ့ကိုယ်ငါသိ လိုက်ပြီ.."
"အဲဒါများ ငါ့ကို အသိပေးစရာမလိုပါဘူးဟာ..ဘာလဲ.. ငါကူညီဖို့ ကူလို့လား.."
ကျွန်တော် ခေါင်းခါပြလိုက်သည်..။
"မလိုပါဘူး..ငါကိုယ်တိုင် ပြောမှာ..ဒါပေမဲ့ ငါတစ်ခု တော့ တောင်းဆိုချင်တယ်.."
"ပြောလေ.."
"နင်ငါ့နားကနေ ဝေးဝေးနေပေးပါ.."
ကျွန်တော့်စကားက ရယ်စရာကောင်းသွားသည်ထင် သည်..။ ရှင်းက ဟက်ခနဲတစ်ချက် ရယ်လိုက်ကာ-
"ဝေးဝေးနေပေးပါလို့ ပြောရအောင်..ငါက နင့်အနားမှာ ကပ်ပါးကောင်လို နေနေလို့လား..နင်လိုတဲ့အချိန်မှ ငါ့ကို ခေါ်တာလေ..အဲဒါတောင် ဝေးဝေးနေပေးရဉီးမယ်တဲ့ လား..မင်းထင် နင်အဲ့လောက်အဖြစ်သည်းမနေနဲ့..ငါ့ ဘက်က ခပ်မှန်မှန်ပဲ နေတာ..ကိုယ့်ကိုမချစ်တဲ့ သူတစ် ယောက်နားမှာ ကပ်တွယ်နေဖို့လည်း ဝါသနာ မပါဘူး.. ငါနင့်ကို သူငယ်ချင်းတစ်ယောက်လို ခင်သေးလို့ အခု ချိန်ထိ ကူညီပေးနေတာ..ကိုယ့်ကိုယ်ကို အထင်ကြီးမနေ နဲ့.."
အံကို ကြိတ်ကာ ပြောလာသော စကားတို့က ရှင်း၏ ရင် တွင်းခံစားချက်များ ဖြစ်ဟန်တူသည်..။ ပြောနေရင်းနဲ့ ရှင်းမျက်ရည်တွေ ဝဲလာကာ သူ(မ) မျက်ရည်မကျမိ အောင် ခပ်ကြမ်းကြမ်း ပွတ်သုတ်လိုက်ပြီး-
"နင် ထင်သလို မှူးရဲ့စိတ်ဓာတ်ကလည်း မသေးသိမ် ဘူး..မင်းထင်..နင်က မှူးနဲ့တွဲတဲ့အခါ မှူးက ငါ့ကိုသဝန် တိုနေမှာ စိုးလို့မဟုတ်လား..မထင်နဲ့ မင်းထင်..မှူးက နင့်ထက်တောင် စိတ်ဓာတ်မာတယ်.."
YOU ARE READING
လိုသုံး (Season-1) [Completed]
Romance~~Hmuu Thar Khant's Diary~~ ကျွန်တော်က သူ့အတွက် အရေးပါတဲ့သူတစ်ယောက် ပါ..၊ မဟုတ်ဘူး..အရေးပါတာထက် အသုံးလိုတဲ့သူ တစ်ယောက်ပါ 💔💔 #This fiction is written with both unicode and zawgyi. ~~Hmuu Thar Khant's Diary~~ ကျွန်တော်က သူ့အတွက် အရေးပါတဲ့သူတစ်ယောက်...