[မှူးသာခန့်]
မနက်ကတည်းက ညီထက် ဆေးရုံသွားတာ ပြန်မလာ သေးသဖြင့် ကျွန်တော်ကပဲ ကွန်ဒိုဆီလာခဲ့လိုက်ရသည်။
မနက်က မုန့်ဟင်းခါး စားထားသည်ဆိုပေမဲ့ မေမေတို့ ဆုံးပြီး သိပ်မကြာခင်မှာပဲ အစာအိမ်ယောင်ပြီး အစစ် စားလို့မရတော့ချေ ..၊ ထို့အတူ ခန ခန ဗိုက်ဆာတတ် သည့် ကျွန်တော့်အတွက် အစာအိမ်ထပ်မအောင့်အောင် ခန ခန စားရသည်..။
အခုလည်း မီးဖိုခန်းထဲက ရှိတဲ့ဟာနဲ့ပဲ ဖြစ်သလို လုပ်စား နေစဥ်..။
~~Tin Taung~~
ဧည့်ခန်းမှ တံခါးဘဲလ်သံကြားလိုက်သဖြင့် ကျွန်တော် ထွက်သွားကာ တံခါးဖွင့်ကြည့်လိုက်တော့ တံခါးအပြင်၌ ရပ်နေသူက ညီထက်..။
သူ့မှာကိုယ်ပိုင်သော့ရှိရက်နဲ့ ဘာလို့ မဝင်လာတာလဲ..။
ကျွန်တော်မြင်နေရသည့် ညီထက်က အရင်က ညီထက် မဟုတ်တော့သလိုပင်..၊ အရင်က ရယ်ရွှင်မြူးနေတတ် သည့် ညီထက်က အခုတော့ ခေါင်းကို ငိုက်စိုက်ချကာ တစ်ကိုယ်လုံး တုန်ရီနေသည်..။
"ညီထက်..ဘာဖြစ်လာတာလဲ.."
ကျွန်တော် ညီထက်ကို တွဲပွေ့ကာ ဆိုဖာရှိရာသို့ ခေါ်လာ ပြီး သူ့ဘေး၌ ထိုင်ချသည်..။ ထို့နောက် သူ့ပုခုံးကို ခပ် ဖွဖွလှုပ်ကာ-
"ညီထက်..ဘာဖြစ်လာတာလဲ..မင်းအဖေရော..သက်သာရဲ့လား.."
ကျွန်တော်ကသာ မေးနေသော်လည်း ညီထက်ကတော့ ခေါင်းကိုသာ တွင်တွင်ငုံ့ထားကာ သူ့နှုတ်ခမ်းပါးတို့က တုန်ရီနေသည်ကို တွေ့လိုက်ရသည်..။
"ညီထက်..ငိုနေတာလား..ဘာဖြစ်လာတာလဲ..အစ်ကို့ကို ပြော.."
"ဆုံးပြီ.."
လုံးထွေးစွာထွက်ပေါ်လာသော စကားသံကြောင့် ကျွန် တော့်ရင်ထဲ နင့်ခနဲဖြစ်ကာ လွန်ခဲ့တဲ့ ၂နှစ်က မေမေတို့ ဆုံးတုန်းက ခံစားချက်အငွေ့အသက်များကို ခံစားမိ လိုက်သည်..။
YOU ARE READING
လိုသုံး (Season-1) [Completed]
Romance~~Hmuu Thar Khant's Diary~~ ကျွန်တော်က သူ့အတွက် အရေးပါတဲ့သူတစ်ယောက် ပါ..၊ မဟုတ်ဘူး..အရေးပါတာထက် အသုံးလိုတဲ့သူ တစ်ယောက်ပါ 💔💔 #This fiction is written with both unicode and zawgyi. ~~Hmuu Thar Khant's Diary~~ ကျွန်တော်က သူ့အတွက် အရေးပါတဲ့သူတစ်ယောက်...