[မြတ်မင်းထင်]
ကျွန်တော် မှူးနဲ့ ချစ်သူဖြစ်ပြီးနောက်ပိုင်း စိတ်ကသိက အောင့် ဖြစ်စရာ ကိစ္စတစ်ခု ထပ်ကြုံလာတယ်..။ အဲဒါ က လူတစ်ယောက်..၊ မှူးကို အမြဲတမ်းလာကြိုတယ်.. ကားနဲ့ ခေါ်သွားတယ်..၊ ပြုံပြုံးရွှင်ရွှင်ပဲ..။ သူကဘယ် သူလဲလို့ မှူးကို မေးတော့ သူ့အလုပ်ရှင်တဲ့..။
တီ..တီ..
အိမ်ရှေ့ခြံဝမှ ဟွန်းတီးသံ ကြားလိုက်သဖြင့် ကျွန်တော် အိမ်ပြင်သို့ ထွက်လာကာ ခြံတံခါးကို ဖွင့်ကြည့်လိုက် တော့..။
ဒီလူပဲ..။
"ဘာကိစ္စရှိလို့လဲ.."
"ကိုမှူးကို လာခေါ်တာပါ.."
ကျွန်တော်တစ်ယောက်တည်း ခေါ်တဲ့ နာမ်စားကို ထိုလူ က ခေါ်နေသည်..။
"အထဲ ဝင်ပါဦး.."
"ဟုတ်ကဲ့.."
ကျွန်တော်လည်း အထဲသို့ ဖိတ်လိုက်ပြီး ဒန်း၌ သွား ထိုင်နေလိုက်သည်..။
"ကိုမှူးက မပြီးသေးတာလား.."
ကျွန်တော့်ကို မသိသလို မျက်လုံးတို့ဖြင့် မေးလာသော လည်း ကျွန်တော့်မျက်လုံးထဲမှာတော့ ထောင့်မကျိုးချေ။
"သွားပြီ..မနက်အစောကြီးကတည်းက သွားပြီ.."
"အာ..ဟုတ်လား..ဒါဆို ကျွန်တော်လည်း သွားတော့ မယ်.."
ထိုလူက ကျွန်တော့်ကို နှုတ်ဆက်ကာ လှည့်ပြန်မည် လုပ်တော့-
"နေဦး.."
ကျွန်တော် ထိုင်နေရာမှ ထကာ သူ့နားသို့ လျှောက်သွား လိုက်သည်..။
"ငါဘယ်သူလဲ သိလား.."
ကျွန်တော် ဘယ်သူလဲဆိုတာတော့ သူသိသင့်တယ် မဟုတ်လား..။ မှူးပြောပြထားမှာပါ..။
ထိုလူက မျက်လုံးကိုပင့်ကာ ခနစဥ်းစားလိုက်ပြီး-
VOUS LISEZ
လိုသုံး (Season-1) [Completed]
Roman d'amour~~Hmuu Thar Khant's Diary~~ ကျွန်တော်က သူ့အတွက် အရေးပါတဲ့သူတစ်ယောက် ပါ..၊ မဟုတ်ဘူး..အရေးပါတာထက် အသုံးလိုတဲ့သူ တစ်ယောက်ပါ 💔💔 #This fiction is written with both unicode and zawgyi. ~~Hmuu Thar Khant's Diary~~ ကျွန်တော်က သူ့အတွက် အရေးပါတဲ့သူတစ်ယောက်...