"သမီး..အခု ကျောင်းပြီးရင် ဘယ်လိုလမ်းကြောင်းပေါ် လျှောက်မယ်လို့ စဥ်းစားထားလဲ.."
မနက်စာထမင်းဝိုင်း စားနေချိန်၌ မာမီက ကျွန်မကို မေးလေသည်..။ ထို့ကြောင့် စားလက်စကို ရပ်ကာ ဘေးရှိရေခွက်ကို လှမ်းယူသောက်လိုက်ပြီး-
"သမီး ဖက်ရှင်လမ်းကြောင်းပေါ် သွားချင်တယ် မာမီ.."
"ဟော်..သမီးရယ်..အခု သမီးက အင်္ဂလိပ်စာအထူးပြု နဲ့ တက်နေပြီးတော့ ဘာလို့ ဒီလို ဖက်ရှင်အလုပ်ကြီး ကို ဝါသနာ ပါရတာလဲ.."
မာမီက သိပ်မနှစ်မြို့သလို ပုံစံဖြင့် ပြောလာသဖြင့် သက်ပြင်းတစ်ချက်ကို ခပ်လေးလေးချကာ-
"အခု အင်္ဂလိပ်စာ အထူးပြုတက်တယ်ဆိုတာက မာမီ တို့ စိတ်ချမ်းသာအောင်..၊ မာမီတို့ မိတ်ဆွေတွေအရှေ့ မျက်နှာလှအောင် သမီး တက်ပေးတာပါ..ကျန်တဲ့ ရှေ့ဆက်ရမယ့် သမီးဘဝအတွက် သမီး ဝါသနာပါတာ ကိုပဲ လုပ်ခွင့်ပေးပါ..ဒါသမီးဘက်က တောင်းဆိုတာ ပါ မာမီ.."
"ဒါပေမဲ့လည်း သမီးရယ်..အခု သမီးတက်နေတာက သဲထဲရေသွန် ဖြစ်ကုန်မှာပေါ့.."
"မဖြစ်စေရပါဘူး မာမီ..စိတ်ချပါ.."
ကျွန်မဘက်က ယတိပြတ် ပြောနေတော့ မာမီဘယ်လိုမှ တားမရတော့ချေ..။ သို့သော်..။
"ဒါပေမဲ့ မာမီ့ကို ကတိတစ်ခုတော့ပေး.."
"ဘာကတိလဲ မာမီ.."
" အခု ဒီဖက်ရှင်ကိစ္စကို မာမီ့ဘက်က လက်ခံပေးလိုက် မယ်..ဒါပေမဲ့ သမီး အိမ်ထောင်ရေးကိစ္စကိုတော့ မာမီ စီစဥ်မယ်.."
"သဘောပါ..မာမီ ကြိုက်သလို စီစဥ်ပါ..သမီးဘက် က ငြင်းစရာ မရှိပါဘူး.."
~~Ring Ring~~
မာမီနဲ့ စကားပြောနေချိန် ဘေးတွင်ချထားသော ဖုန်းမှ ဖုန်းမြည်လာသဖြင့် ဖုန်းကို ကောက်ကိုင်လိုက်သည်..။
ထင့်ဆီက ဖုန်းပဲ..။
ကျွန်မလည်း ထမင်းဝိုင်းမှ ထွက်လာပြီး အပေါ်ထပ် ဝရံတာဆီသို့ တက်လာခဲ့လိုက်သည်..။
"ဟယ်လို ထင်.."
"ရှင်း လား.."
"ဟုတ်ပါတယ်.."
YOU ARE READING
လိုသုံး (Season-1) [Completed]
Romance~~Hmuu Thar Khant's Diary~~ ကျွန်တော်က သူ့အတွက် အရေးပါတဲ့သူတစ်ယောက် ပါ..၊ မဟုတ်ဘူး..အရေးပါတာထက် အသုံးလိုတဲ့သူ တစ်ယောက်ပါ 💔💔 #This fiction is written with both unicode and zawgyi. ~~Hmuu Thar Khant's Diary~~ ကျွန်တော်က သူ့အတွက် အရေးပါတဲ့သူတစ်ယောက်...