Episode 3(Unicode)

3.5K 252 53
                                    

ကျောင်းသားဘဝက ခနလေးပါပဲ..။ အခု ကျွန်တော် တို့ တက္ကသိုလ်ကျောင်းသားကြီးတွေ ဖြစ်ကုန်ကြပြီ..။
မင်းထင်နဲ့ ကျွန်တော်နဲ့က မေဂျာတူတော့ မသိစိတ်က ကြိတ်ပျော်နေမိခဲ့သား..။ ပြီးတော့ ပိုပြီး ပျော်ရတာ က ရှင်းသန့်ဖြူနဲ့ မတူလို့ပဲ..။ ရှင်းသန့်ဖြူက E မေ ဂျာနဲ့ ဆက်တက်တော့ ကျောင်းချင်းမတူကြဘူး..။ ဒါပေမဲ့..။

ဒါပေမဲ့..မင်းထင်နဲ့ ရှင်းသန့်ဖြူတို့က ချစ်နေကြတုန်း ပဲ..။ မင်းထင်​က သူပြောတဲ့စကား သူတည်သားပဲ..၊ သူပြောဖူးတယ်လေ..။ 'ငါ ရှင်းကို တကယ်ချစ်မိ သွားတာပါ'တဲ့ ။

ကျွန်တော့်ကိုလည်း သူပြောတယ်..၊ မင်းက ငါ့အ တွက် သူငယ်ချင်းထက် ပိုတယ်တဲ့..။ အဲဒီ့စကားအ တွက် သူ့ကို ကျွန်တော် အကြိမ်ကြိမ် ​ကျေးဇူးတင်မိခဲ့ ပါသေးတယ်..။

>>>>>>>

"မင်းထင်.."

တက္ကသိုလ်အပေါက်ဝ၌ ရှေ့က စောပြီး ဝင်သွားသော မင်းထင်ကို တွေ့လိုက်ရသဖြင့် ကျွန်တော် လှမ်းခေါ် လိုက်ပြီး သူ့ဆီသို့ ပြေးသွားလိုက်သည်..။ ထို့နောက် သူ့ဆံပင်ကို ဖွလိုက်ပြီး-

"မနက်ဖြန် မင်းမွေးနေ့ မဟုတ်လား.."

ကျွန်တော့်စကားကြောင့် သူက ခြေလှမ်းတုန့်ခနဲ ရပ် လိုက်ပြီး သူ့ပုခုံးပေါ်တင်ထားသည့် ကျွန်တော့်လက် ကို ဆွဲကိုင်ကာ မျက်နှာချင်းဆိုင် ရပ်၍ သူအံ့သြတ ကြီး ပြန်ကြည့်လေ၏..။

"ဘယ်လိုသိတာလဲ..ငါတစ်ခါမှ မွေးနေ့မလုပ်ဖူးပါ ဘူး..ပြီးတော့ ဘယ်သူ့ကိုမှလည်း ငါ့မွေးနေ့ မပြော ပြဖူးဘူး.."

"ဪ..ဒါလား..၁၀တန်းတုန်းက အတန်းပိုင်ဆရာမ ခိုင်းလို့ ကျောင်းဝင်နံပါတ်တွေ စစ်တုန်းက တွေ့လိုက် လို့.."

"အော်..ဒါပေမဲ့ ငါ မွေးနေ့မကျွေးဘူးနော်..ကြိုပြော ထားတာ.."

"ဘယ်သူကရော ကျွေးပါလို့ ပြောနေလို့လဲ.."

"မဟုတ်ပါဘူး..ကြိုပြောထားတာ.."

"စိတ်ပူမနေနဲ့..ဝင်မယ်.."

"အင်း.."

ကျွန်တော် သူ့ပုခုံးပေါ် လက်ပြန်တင်ကာ ကျောင်းဝင်း ထဲသို့ ဝင်လာခဲ့လိုက်သည်..။ သူ့အတွက် ဒီလိုလက် တင်တဲ့အပြုအမူက သူငယ်ချင်းတွေကြားအပြုအမူ ဆိုပေမဲ့ ကျွန်တော့်အတွက်ကတော့ တိုတောင်းတဲ့ ပျော်ရွှင်ခြင်းတစ်ခုပါပဲ..။

လိုသုံး (Season-1) [Completed]Donde viven las historias. Descúbrelo ahora