"အန်တီ..ကျွန်တော်တစ်ခုလောက် မေးလို့ရမလား…"
မနက်စာထမင်းစားဝိုင်းတွင် မျက်နှာချင်းဆိုင်ထိုင်နေ သော အန်တီဒေါ်မြတ်လင်းခိုင်အား ကျွန်တော် မေမေ တို့အမျိုးအကြောင်းကို မေးရန်အတွက် စကားစကြည့် လေသည်..။
"ရတယ်လေ..သား ဘာမေးချင်လို့လဲ.."
"အန်တီက မေမေအပျိုတုန်းကတည်းက ခင်လာတဲ့ သူငယ်ချင်း ဆို..ဟုတ်လား.."
"ဟုတ်တယ်လေ..သားမေမေနဲ့ အန်တီနဲ့က ကျောင်းနေ ဖက်တွေလေ.."
အန်တီ၏ ကြည်ကြည်ဖြူဖြူပြန်ဖြေမှုကြောင့် ကျွန် တော် ရှေ့ဆက်မေးရဲသွားသည်..။
"ဪ..ဒါဆို အန်တီက မေမေ့ရဲ့ မိသားစုတွေနဲ့ တွေ့ဖူးမှာပေါ့ နော်.."
"တွေ့ဖူးတာပေါ့ သားရဲ့..သားမေမေတို့ မိသားစုနဲ့က ခင်ပါ တယ်..ဒါနဲ့သားက ထူးထူးဆန်ဆန်း ဘာဖြစ်လို့ မေးတာလဲ.."
"ကျွန်တော် မေမေတို့မိသားစုအကြောင်း သိချင်လို့ ပါ.."
"ဪ. ရတာပေါ့.."
အန်တီက မနက်စားကို လက်စသတ်ကာ -
"အန်တီပြောပြမယ်..သားမေမေဆီမှာ မောင်နှမ ၃ ယောက်ရှိ တယ်..သားမေမေက အငယ်ဆုံးပေါ့.. "
"ဒါဆို အန်တီ မေမေ့မိဘတွေ အိမ်ကို သိလား.."
"သိတာပေါ့ကွယ်...သားမေမေတို့ အသိုင်းအဝိုင်းက သိပ်ချမ်းသာတာ..သူတို့တွေက သူဌေးတွေနေတဲ့ အိမ် ယာထဲမှာ နေကြတာလေ..ဒါပေမဲ့ သားမေမေကို ကျ တော့ သားသိတဲ့အတိုင်းပဲ..အမွေဖြတ်ပစ်ခဲ့တာ..ဒါနဲ့ အခု သားက ဒီကိစ္စတွေမေးတာ အကြောင်းရှိလို့လား.."
"ဟုတ်ကဲ့..ရှိလို့ပါ အန်တီ..မနေ့မနက်က ကျွန်တော့်ကို ရန်ကုန်ဆေးရုံကြီးက ဒေါက်တာက ဖုန်းဆက်ပြီး အသိ ပေးတယ်.. မေမေ့ရဲ့ ရိုးတွင်းခြင်ဆီကို ဖောက်ပြီး စစ် ဆေးကြည့်တာ မေမေ့မှာ သွေးကင်ဆာ ရှိနေတယ်တဲ့.."
"ဟယ်..ဘယ်လို့ဖြစ်တာလဲ..အန်တီလည်း မသိရပါ လား.."
"ဟုတ်တယ် အန်တီ..ကျွန်တော်တောင် မသိဘူး.. ပြီး တော့ အဲဒီသွေးကင်ဆာက Down Syndrome တွေမှာကျတော့ မျိုးရိုးလိုက် ဖြစ်တတ်တယ်ဆိုတာ ရှိပေမဲ့ ပုံမှန်လူတွေမှာလည်း မဖြစ်ဘူးလို့ မပြောနိုင်လို့ မေမေ့မိဘတွေရော သွေးကင်ဆာ ဖြစ်ဖူးလားဆိုတာ သိချင်လို့ပါ.."
YOU ARE READING
လိုသုံး (Season-1) [Completed]
Romance~~Hmuu Thar Khant's Diary~~ ကျွန်တော်က သူ့အတွက် အရေးပါတဲ့သူတစ်ယောက် ပါ..၊ မဟုတ်ဘူး..အရေးပါတာထက် အသုံးလိုတဲ့သူ တစ်ယောက်ပါ 💔💔 #This fiction is written with both unicode and zawgyi. ~~Hmuu Thar Khant's Diary~~ ကျွန်တော်က သူ့အတွက် အရေးပါတဲ့သူတစ်ယောက်...