[မှူးသာခန့်]
"ဟယ်လို..မှူးသာခန့်ပြောနေပါတယ်.."
"ဒီဖုန်းက ဒေါ်ခင်လေးခန့်ရဲ့သား ဖုန်းနံပါတ်လား မသိ ဘူး.."
မနက်စောစောစီးစီး ဝင်လာသော ထိုဖုန်းဆီမှ မေမေ့အ ကြောင်း မေးသံကြားတော့ ရင်ထဲနင့်သွားခဲ့သည်..။
"အခုပြောနေတာ ဘယ်သူလဲဗျ.."
"ဒေါက်တာပါ..ဆေးရုံကြီးက.."
"ဪ..ဒေါက်တာ..ဟုတ်ကဲ့ ကျွန်တော်က ဒေါ်ခင်လေး ခန့်ရဲ့ သားပါပဲ..ဘာကိစ္စရှိလို့လဲ မသိဘူး.."
"ဒေါက်တာ သားကို အသိပေးစရာရှိလို့.."
"အသိပေးစရာ?? ဘာအသိပေးစရာလဲ ဒေါက်တာ.."
"အဲဒါကတော့ လူတွေ့မှပဲ ပြောတော့မယ်..သားအခု အားရင် ဆေးရုံကို လာခဲ့ပေးနိုင်မလား.."
"ရပါတယ် ဒေါက်တာ..အခုချက်ချင်း ကျွန်တော်လာခဲ့ ပါ့မယ်.."
ဒေါက်တာ၏ အရေးတကြီး ခေါ်ဆိုမှုကြောင့် ကျွန်တော် အိမ်မှ ခပ်သုတ်သုတ်ထွက်လာကာ ရန်ကုန်ဆေးရုံကြီးသို့ လာခဲ့လိုက်ပါသည်..။
>>>>>>>>
"ဘာကိစ္စရှိလို့လဲ ဒေါက်တာ.."
ဒေါက်တာ့ရုံးခန်းထဲ၌ ကျွန်တော်တို့ချည်း သီးသန့် ဆွေး နွေးဖို့အတွက် ဒေါက်တာက သူ့nurse တွေကိုတောင် အပြင်ထွက်ခိုင်းထားတာပင်..။
"ကိစ္စကတော့ ဒေါက်တာတို့ ဒေါ်ခင်လေးခန့်ရဲ့ ရုပ်အ လောင်းကို မသင်္ဂြိုလ်ဖြစ်သေးဘူး..ပြီးတော့ ဟိုနေ့က ဒေါက်တာတို့ ဒေါ်ခင်လေးခန့်ရဲ့ ရိုးတွင်းခြင်ဆီကို စစ် ဆေးကြည့်တော့ ဒေါ်ခင်လေးခန့်မှာ Acute myeloid leukemia (AML) လို့ခေါ်တဲ့ စူးရှ သော သွေးကင်ဆာအမျိုးအစားကို အဲ့ဒီခြင်ဆီထဲမှာ တွေ့လိုက်ရတယ်.."
"ဒါဆို ဒေါက်တာဆိုလိုချင်တာက.."
"ဒေါက်တာသိချင်တာက အဲ့ဒီလိုမျိုး သွေးကင်ဆာက မျိုးရိုးအလိုက်ဖြစ်တာလား.."
ESTÁS LEYENDO
လိုသုံး (Season-1) [Completed]
Romance~~Hmuu Thar Khant's Diary~~ ကျွန်တော်က သူ့အတွက် အရေးပါတဲ့သူတစ်ယောက် ပါ..၊ မဟုတ်ဘူး..အရေးပါတာထက် အသုံးလိုတဲ့သူ တစ်ယောက်ပါ 💔💔 #This fiction is written with both unicode and zawgyi. ~~Hmuu Thar Khant's Diary~~ ကျွန်တော်က သူ့အတွက် အရေးပါတဲ့သူတစ်ယောက်...