Episode 11 (Unicode)

2.9K 182 37
                                    

[မှူးသာခန့်]

၁ ပတ်ခန့်ကြာသော်...

ကလင်..ကလင်..

ဧည့်ခန်းထဲမှ မြည်နေသည့် ကြိုးဖုန်းလာသံကြောင့် တစ်အိမ်လုံးမှာ တစ်ယောက်တည်းသာ ကျန်ခဲ့သည့် ကျွန်တော်က အပေါ်ထပ်အိပ်ခန်းထဲမှ ပြေးဆင်းလာ လိုက်ပြီး ဖုန်းကိုင်လိုက်သည်..။

ဘာလို့ဆို မနေ့ကတည်းက မေမေတို့က ပဲခူးကို အလုပ် ကိစ္စနဲ့ သွားသောကြောင့် ကျွန်တော်တစ်ယောက်တည်း ကျန်ရစ်ခဲ့ရခြင်းဖြစ်သည်..။

"ဟယ်လို.."

"ဒီဖုန်းက ဒေါ်ခင်လေးခန့်တို့ အိမ်ကပါလား.."

"ဟုတ်ပါတယ်..ဘယ်သူပါလဲ.."

"ရန်ကုန်ဆေးရုံကြီးကပါ..ဒေါ်ခင်လေးခန့်တို့ ကားက ရန်ကုန်အဝေးပြေးလမ်းမကြီးမှာ ကားအက်ဆီးဒင့် ဖြစ် သွားလို့..အခု ဆေးရုံကြီးမှာပါ ..စိုးရိမ်ရတဲ့အခြေအနေ ပါ. "

တစ်ဖက်မှ ပြောလာသည့်စကားကြောင့် ကျွန်တော် ဘာမှတောင် ဆက်မပြောနိုင်တော့ချေ..။ ထို့အပြင် ဆုပ်ကိုင်ထားသည့် ဖုန်းလက်ကိုင်က လက်ထဲမှ အား လျော့စွာ လွတ်ကျသွားပြီး ကျွန်တော်လည်း ဖိနပ်မဲ့စွာ ဖြင့် လမ်းပြင်သို့ ပြေးထွက်လာမိလေသည်..။

မဖြစ်ဘူး..၊ ငါ့မှာ မေမေတို့ ဖေဖေတို့ပဲ ရှိတော့တာ လေ..။

ပါးပြင်ပေါ် သွင်သွင်စီးကျနေသော မျက်ရည်တို့ကို မသုတ်မိတော့ဘဲလမ်းထိပ်၌ ရရာ တက္ကစီကို ငှားကာ-

"ဆေးရုံကြီးကို မောင်းပေးပါ..ရရာလမ်းကနေ အမြန် ဆုံး မောင်းပေးပါဗျ.  "

ကားမောင်းသမားဦးလေးကြီးကို ရှိုက်သံများကြားထဲမှ ပြောလိုက်ကာ ကားနောက်ခန်းဘေးမှန်ကို မှီကာ တစ် လမ်းလုံး ငိုလာမိသည်..။

မဖြစ်ဘူး..၊ မဖြစ်ဘူးလို့..။

ကျွန်တော်အမြဲတမ်း အခက်အခဲနဲ့ ကြုံတိုင်း အားပေးတဲ့ အမေ..။ ကျွန်တော်ရှေ့ဆက်ဖို့အတွက် အမြဲ အနောက် ကနေ ပံ့ပိုးပေးတဲ့အဖေ..။ အဲဒီလို ကျွန်တော့်အပေါ် ကောင်းတဲ့လူတွေက အခုလိုရုတ်တရက်ကြီးတော့ ကျွန် တော့်ကို မထားသွားလောက်ဘူး မဟုတ်လား..။

လိုသုံး (Season-1) [Completed]Donde viven las historias. Descúbrelo ahora