Episode 13 (Unicode)

2.9K 183 97
                                    

"အလုပ်အကြောင်းဆွေးနွေးမလို့???"

ကျွန်တော် ကြောင်ပါကြောင်သွားသည်..၊ အခုမှ တွေ့ဖူး သည့် ထိုလူဆီက အလုပ်ကမ်းလှမ်းသည့်စကား ကြား တော့ ကိုယ့်နားပင် ကိုယ်မယုံကြည်နိုင် ဖြစ်မိသည်..။

"ဟုတ်တယ်ဗျ..အခုမှ စလုပ်မယ့် လုပ်ငန်းမို့လို့ လူရှာနေ တာပါ.."

"ဘာအလုပ်လဲ မသိဘူး.."

"အခုထိတော့ သေချာဆုံးဖြတ်ထားတာ မရှိသေးပါ ဘူး..ဒါပေမဲ့ လူတွေအတွက် စိတ်ခံစားချက် ထွက် ပေါက် တစ်ခုဖြစ်စေမယ့်အရာမျိုးကို ဦးစားပေးလုပ် ချင်တာပါ.."

"ဘယ်လိုပုံစံမျိုးလဲ.."

"FM လို ပုံစံမျိုးပါ..ရုပ်မမြင်ပဲ အသံနားထောင်ရုံပေါ့.. လူတွေမှာ ခံစားချက်ကိုယ်စီ ရှိကြတယ်လေ..တစ်ခါ တစ်လေကျရင် ရင်ဖွင့်ချင်တာတွေလည်း ရှိလာနိုင် တယ်..အဲဒီ့အခါကျရင် ကျွန်တော်တို့က သူတို့ရင်ဖွင့် တာကို နားထောင်ပေးမယ်..ဖြေသိမ့်ပေးမယ်..အကြံဉာ ဏ်ကောင်းရှိရင် ပေးနိုင်တယ်..နောက်ဆုံးကျရင်တော့ သူတို့တောင်းဆိုတဲ့သီချင်းလေးကို ဖွင့်ပေးတာပေါ့..အဲ လိုမျိုးပါ.."

"ဒါပေမဲ့..အဲဒီလိုလုပ်တာက သူများ Privacy ကို ထိခိုက်ရာမကျဘူးလား.."

"ဒါက သူတို့အပိုင်းလေ..ကျွန်တော်တို့ဘက်က အတင်း မေးတာမျိုး မဟုတ်ဘဲ သူ့ဘက်ကနေ လိုလိုလားလား ရင်ဖွင့်တာလေ..ပြီးတော့ ရုပ်မှ မမြင်ရတာ..နာမည်ပဲ သိရုံပဲလေ..privacy မထိခိုက်ပါဘူး.."

"ဪ..စဥ်းစားထားတဲ့ပုံစံကိုတော့ သဘောကျတယ်.. ဒါနဲ့ အခုလို ငယ်ငယ်လေးနဲ့ ဘယ်လိုဖြစ်ပြီး ကိုယ်ပိုင် အလုပ်တွေ လုပ်နေတာလဲ.."

"အိမ်ပေါ်က ဆင်းလာလို့ပါ.."

"မင်းကလား.."

"ဟုတ်တယ်..ဒယ်ဒီက ကျွန်တော့်ကို အခုကတည်းက မိန်းမပေးစားနေတာ..ဒါပေမဲ့ ဒယ်ဒီပေးစားတဲ့ သူကို ကျွန်တော်ကမှ မကြိုက်တာ..အဲဒီတော့ကျွန်တော်က မယူဘူးလို့ပြောတော့ ဒယ်ဒီက ငါ့စကားလက်မခံရင် အိမ်ပေါ်ကဆင်းတဲ့.. အဲဒါနဲ့ ကျွန်တော်လည်း ကျွန်တော် ရသင့်တဲ့ အမွေတွေ အကုန်ခွဲပြီး အိမ်ပေါ်က ဆင်းလာ တာ.."

လိုသုံး (Season-1) [Completed]Where stories live. Discover now