ကျွန်တော် ရှင်းနဲ့ တွေ့ပြီးနောက် အိမ်သို့ပြန်ရောက် လာပြီး စိတ်ပျက်လက်ပျက်နှင့် ရေချိုးခန်းထဲ၌ အချိန် အတော်ကြာစွာ နေဖြစ်လိုက်သည်..။ ညစာကိုလည်း ထိထိမိမိ မစားဖြစ်ဘဲ လင်းဒမှိုင် မှိုင်နေမိပြန်သည်..။
ည၈နာရီကျော်နေပြီ ဖြစ်သဖြင့် အခန်းထဲသို့ လေးဖင့် စွာ ဝင်လာခဲ့ပြီး မနက်ဖြန် သူ့အိမ်သို့ မတတ်သာသည့် အဆုံး သွားရမည့် အခြေအနေတစ်ခုကို ရင်ဆိုင်ကြုံတွေ့ ရပေဦးမည်..။ မင်းထင် တက္ကသိုလ်ကို မလာတာ တစ် ပတ်ရှိနေပြီ..၊ သူ နေများမကောင်းလို့လား..။
ကျွန်တော်လည်း နောက်ဆုံးအနေနဲ့ ကျွန်တော် အမြဲ သူ့အကြောင်းရေးဖြစ်တဲ့ ဒိုင်ယာရီလေးကို စားပွဲအောက် အံဆွဲထဲမှ ဆွဲထုတ်လိုက်ပြီး ထိတွေ့ကြည့်မိသည်..။
သိပ်ကိုကြာသွားပြီပဲ..။
ကျွန်တော် ဒိုင်ယာရီစာရွက်လေးတွေကို တစ်ရွက်ချင်း လှန်ဖတ်ကြည့်ရင်း အတိတ်တို့၏ နာကျင်မှုတို့ကို ကျွန် တော် တစ်ဖန်ပြန်ခံစားဖြစ်ခဲ့သည်..။
အချိန်အတော်ကြာသည်အထိ ကျွန်တော် ဖတ်ဖြစ်သွား ခဲ့ပြီး အချိန်ကို ကြည့်လိုက်တော့ ည ၁၀နာရီတောင် စွန်း နေပြီ..။ ထို့နောက် ကျွန်တော်လည်း ဘောပင်ထဲထား သည့် ဘူးလေးထဲမှ ဘောပင်တစ်ချောင်းကို လှမ်းယူ လိုက်ကာ ကျန်ရှိနေသေးသည့် ဒိုင်ယာရီ၏နောက်ဆုံးစာ ရွက်ကို ကျွန်တော် လှန်လိုက်ပါသည်..။ ပြီးနောက် ဘောပင်ထိပ်ဖူး မင်သီးလေးကို စာရွက်သားပေါ် တို့ထိ စေပြီး နောက်ဆုံးအနေနဲ့ ပြောပြချင်တဲ့ ရင်တွင်းစကား တွေကို ဖွင့်ဟလိုက်ပါသည်..။
*******
မင်းထင်...
ဒီစာက ဒီဒိုင်ယာရီလေးရဲ့ နောက်ဆုံးနှုတ်ဆက်စကား ပါ..။ သိပ်မကြာခင်ဆိုရင် မင်းနိုင်ငံခြားကို သွားတော့ မှာပေါ့နော်..။
ငါကိုယ်တိုင်ကပဲ ညံ့ခဲ့တာ ထင်ပါရဲ့..၊ ငါ့ခံစားချက်တွေ ကို ငါမင်းကို မဖွင့်ပြခဲ့မိဘူး..။ အခုတော့ အချိန်တွေ လည်း လွန်ကုန်ပြီထင်ပါတယ်ကွာ..။
ဒါပေမဲ့ ငါမင်းကို မပြောဖြစ်ခဲ့တဲ့ စကားတွေ ရှိသေး တယ်..။
ŞİMDİ OKUDUĞUN
လိုသုံး (Season-1) [Completed]
Romantizm~~Hmuu Thar Khant's Diary~~ ကျွန်တော်က သူ့အတွက် အရေးပါတဲ့သူတစ်ယောက် ပါ..၊ မဟုတ်ဘူး..အရေးပါတာထက် အသုံးလိုတဲ့သူ တစ်ယောက်ပါ 💔💔 #This fiction is written with both unicode and zawgyi. ~~Hmuu Thar Khant's Diary~~ ကျွန်တော်က သူ့အတွက် အရေးပါတဲ့သူတစ်ယောက်...