"သား ဘာဖြစ်လာတာလဲ.."
အိမ်ပြန်ရောက်တော့ အမေက ကျွန်တော့်ကို မေးရှာ သည်။ သို့သော် ကျွန်တော် ခေါင်းသာ ခါပြလိုက်ပြီး အခန်းထဲသို့ လာခဲ့လိုက်သည်။
အခန်းထဲရောက်တော့ ဂျိန်းခနဲ တံခါးကိုပိတ်လိုက်ပြီး လွယ်အိတ်ကို ကုတင်ပေါ် ပစ်တင်ကာ ရေချိုးခန်းအ တွင်းသို့သာ ဝင်လာခဲ့သည်။ ထို့နောက် ရေပန်းခရားကို ဖွင့်ချကာ ရေကျသည့်အောက်၌ နံရံကျော်မှီ၍ ထိုင်ချ လိုက်သည်။
အခုလိုလုပ်ရပ်ကို ကျွန်တော် အမြဲတမ်း လုပ်ဖြစ်သည်။ အထူးသဖြင့် မင်းထင်အတွက်ကြောင့် ကျွန်တော်ခံစား ရတဲ့အချိန်ပေါ့။ ရေပန်းအောက်တွင် အချိန်အတော်ကြာ ထိုင်နေလိုက်ပြီး ခံစားရသမျှကိုတော့ ရေဖြင့်သာ ငြှိမ်း သတ်လိုက်သည်။
ကျွန်တော် မင်းထင်ကို မယုံကြည်ရဲတော့ဘူး။ သူ သိပ် ကိုလည်တယ်..၊ တစ်ခါတစ်လေ ကျွန်တော့်ဘက်ကို စိတ်များရောက်နေတာလားလို့ ထင်မိပေမဲ့ တစ်ခါတစ် လေတော့လည်း တက်တက်စင်အောင် လွဲသွားတတ် တယ်။
ဒေါက် ဒေါက်!!!
ရေပန်းအောက်၌ အချိန်အတော်ကြာစွာ ထိုင်နေချိန် ရေချိုးခန်းတံခါးခေါက်သံ ကြားလိုက်ရ၏။ ထို့ကြောင့် မျက်ရည်တို့ကို လက်ဖမိုးဖြင့် ဖိသုတ်ကာ မတ်တပ်ထ ရပ်ပြီး တံခါးကို ဖွင့်လိုက်သည်။
"သား..သား ဘာဖြစ်လာတာလဲ..မေမေ့ကို ပြောလေ.."
အမေက ကျွန်တော့်ပုခုံးကို ခပ်ဖွဖွကိုင်ကာ ပြောလာ သည်။ ကျွန်တော်လည်း မကျအောက် ထိန်းထားသော မျက်ရည်တို့ကို လျှော့ချလိုက်ပြီး ပေးကျလိုက်သည်။ ထို့နောက် အမေ့ကို ပွေ့ဖက်ကာ ပုခုံးပေါ် မေးတင်လိုက် ပြီး-
"မေမေ..သားမခံစားနိုင်တော့ဘူး..သားသူ့ကို ချစ်ဖို့ အတွက် ယုံကြည်မှုမရှိတော့ဘူး..သူ သားကို မချစ်လာ နိုင်တော့ဘူး မေမေ.."
အမေက ကျွန်တော်ပြောသောစကားကို တိတ်တဆိတ် နားထောင်ကာ ကျောကုန်းကို ခပ်ဖွဖွပုတ်ပေးပြီး-
"သားရယ်..ယုံကြည်မှုဆိုတာ..ကိုယ့်ဘက်ကချည်း လိုချင်လို့ မရဘူးလေ..သူ့ဘက်ကလည်း ကိုယ့်ကို ယုံ ကြည်အောင်လည်း နေရသေးတယ်.."
VOCÊ ESTÁ LENDO
လိုသုံး (Season-1) [Completed]
Romance~~Hmuu Thar Khant's Diary~~ ကျွန်တော်က သူ့အတွက် အရေးပါတဲ့သူတစ်ယောက် ပါ..၊ မဟုတ်ဘူး..အရေးပါတာထက် အသုံးလိုတဲ့သူ တစ်ယောက်ပါ 💔💔 #This fiction is written with both unicode and zawgyi. ~~Hmuu Thar Khant's Diary~~ ကျွန်တော်က သူ့အတွက် အရေးပါတဲ့သူတစ်ယောက်...