Episode 12 (Unicode)

2.8K 176 50
                                    

"သား ဘယ်အခန်းမှာနေချင်လဲ..ကြိုက်တဲ့အခန်းမှာ နေလို့ရတယ်နော်.."

အန်တီမြတ်လင်းခိုင်က ကျွန်တော့်အတွက် သွေးမတော် သားမစပ်တဲ့ အမေလိုပါပဲ..။ တစ်ကောင်ကြွက်ဖြစ်သွား တဲ့ ကျွန် တော့်ကို အများကြီး ကူညီပေးတဲ့အတွက် အန်တီ့ဆီမှာ ကျေးဇူးကြွေးတွေက အများကြီးတင်နေ ပြီ..။အခုလည်း အိမ်အပေါ်ထပ်ရဲ့ ကြိုက်တဲ့ အခန်းမှာ နေလို့ရတယ် တဲ့..။

"ဒါက မင်းထင်အခန်းလေ..အခု မင်းထင်မရှိတော့ သား နေချင်နေလို့ရတယ်.."

"ဟာ..မဟုတ်တာ..မနေပါဘူး အန်တီကလည်း.."

ကျွန်တော် မင်းထင်အခန်းတံခါးကို ဖွင့်ကာ အခန်းထဲကို ဝေ့ဝဲကြည့်လိုက်တော့ တစ်ခါမှ မဝင်ဖူးတဲ့ မင်းထင်ရဲ့ အခန်းက သပ်သပ်ရပ်ရပ်ပင်..။

"သား အေးဆေးကြည့်နော်..အန်တီ ညနေစာအတွက် ပြင်ဆင်လိုက်ဦးမယ်.."

"ဟုတ်ကဲ့ပါ အန်တီ.."

အန်တီက ခပ်သုတ်သုတ်ပင် အိမ်အောက်ထပ်ပြန်ဆင်း သွားပြီး ကျွန်တော့်ကို ချန်ထားခဲ့သည်..။

ကျွန်တော်လည်း မင်းထင်အခန်းကို ဝင်လာခဲ့ပြီး လေ့ လာကြည့်မိသည်..။ အခန်းထဲက ပရိဘောဂတွေက သူနဲ့ မလိုက်ဖက်လောက်အောင်ကို နုရွလွန်းလှသည်..။

အခန်းထဲကို အစိမ်းပုတ်နုနုလေး သုတ်ထားပြီး နံရံမှာ ကားချပ်လေးတွေ ချိတ်ထားသည်..။

တစ်ယောက်အိပ်ကုတင်လေးကလည်း အခန်း၏ထောင့် မှာ သပ်သပ်ရပ်ရပ်လေးရှိနေပြီး အဝတ်ဗီိဒိုက သူ့မျက် နှာချင်းဆိုင်မှာ ထားထားသည်..။

သေချာကြည့်ရင် ပရိဘောဂပစ္စည်းတွေကို ပရမ်းပတာ ထားထားခြင်းမျိုးမဟုတ်ဘဲ အကွက်စေ့ နေရာပုပ်မရှိ အောင် ထားထားသည်..။

နေရောင်ခြည်ဝင်သည့် ပြတင်းပေါက်ကိုလည်း လိုက် ကာအနုလေးကိုမှ ​သစ်ရွက်ပုံအသေးစိတ်ထားသည့် ပုံစံမျိုးကို တပ်ထားသည်..။

စိတ်ကူးယဥ်စရာကောင်းသည့် အခန်းပုံစံမျိုးပင်..။ Decoration ပိုင်းက သေချာအနုစိတ်ထား တာကို လည်း တွေ့ရသည်..။

ကျွန်တော်သိထားသည့် မင်းထင်နဲ့ တခြားစီပါပဲလား..။

ကျွန်တော်လည်း ကုတင်နားသို့ လျှောက်လာပြီး ပုံမှန်အ တိုင်း ကုတင်ကိုကျောမှီကာ ကြမ်းပြင်ပေါ်၌ ထိုင်ချလိုက် ပြီး အိမ်ကိစ္စနဲ့ပတ်သတ်ပြီး တွေးမိလေသည်..။

လိုသုံး (Season-1) [Completed]Where stories live. Discover now