"Happy birthday မင်းထင်.."
"အင်း..ကျေးဇူးပဲ.."
တက္ကသိုလ်ဝင်းထဲရှိ လူသွားစင်္ကြန်တစ်နေရာ၌ ကျွန် တော်တို့နှစ်ယောက် မျက်နှာချင်းဆိုင်ရပ်နေကြသည်။
ကျွန်တော်က လက်နှစ်ဖက်ကို အနောက်ဝှက်ပြီး ရပ် နေသောကြောင့် မင်းထင်က ကျွန်တော့်အနောက်ကို မျှော်ကြည့်ကာ-"ဘာတွေဝှက်ထားတာလဲ.."
"မပြောသေးဘူး..မင်းအတွက် မွေးနေ့လက်ဆောင်.."
"မလိုပါဘူးကွာ..ရပါတယ်.."
"မင်းကလည်း..ယူလာပြီးပြီပဲ..မျက်စိလေးခနမှိတ်.."
"အင်း.."
မင်းထင်သည် "အင်း" လို့ ပြောပြီးတာနဲ့ မျက်လွှာတို့ ကို မှိတ်ချကာ-
"ဖွင့်လို့ရပြီဆို ပြောနော်.."
ကျွန်တော် သူ မျက်စိမှိတ်သွားတော့ ခန္ဓာကိုယ်အ နောက်တွင် ဝှက်ထားသော ပစ္စည်းကို မင်းထင် မျက် စိရှေ့နားသို့ ကပ်ကာ-
"ဖွင့်လို့ရပြီ.."
ကျွန်တော် ပြောပြီးတာနဲ့ မင်းထင်၏ မျက်လုံးအစုံ ဟာ ပွင့်ဟလာပြီး ကျွန်တော်ကိုင်ထားတဲ့ ပစ္စည်းကို သူ လက်ဆင့်လွှဲကိုင်လိုက်သည်..။ ထိုပစ္စည်းကတော့ အခြားမဟုတ်..၊ ၁၀တန်းကတည်းက သူ့ကို တစ်နေ့ နေ့ ပေးမယ်လို့ ရည်ရွယ်ပြီး ခေါက်ထားတဲ့ စက္ကူ ကြယ်လေးတွေကို ဖန်ပုလင်းပုလေးထဲထည့်ထား၍ လည်တိုင်မှာ "happy birthday မင်းထင်"ဆို ပြီး ရေးထားတဲ့ post card လေးတစ်ခုနဲ့ပဲ ဖြစ် သည်..။
မင်းထင်သည် လက်ထဲက ဖန်ပုလင်းလေးကို ငုံ့ကြည့် ကာ ပြုံးနေသည်ကိုလည်း မြင်ဖြစ်အောင် မြင်လိုက် သေးသည်..။ သူပြုံးနေတယ်..၊ သူ ကျွန်တော်ပေးတဲ့ မွေးနေ့လက်ဆောင်ကို ကြိုက်တဲ့ပုံစံပဲ..။
"ဟေ့...နှစ်ယောက်သား ဘာလုပ်နေကြတာလဲ.."
ခနကြာတော့ ကျန်တဲ့အဖွဲ့သားတွေ ရောက်ချလာပြီး ကျွန်တော်တို့နှစ်ယောက်ကို မယုံသင်္ကာနှင့် လာကြည့် နေသည်..။ ထို့နောက် အေးချမ်းက မင်းထင်လက်ထဲ က ကြယ်ပုလင်းကို တွေ့သွားပြီး -
"ဒီကြယ်ပုလင်းက ဘယ်သူပေးတာလဲ.." ဟု မေး လေတော့သည်..။ မင်းထင်ကလည်း ပြန်မဖြေပဲ ကျွန် တော့်ကို ပြုံးစိစိနှင့် ပြန်ကြည့်နေလေသည်..။
VOCÊ ESTÁ LENDO
လိုသုံး (Season-1) [Completed]
Romance~~Hmuu Thar Khant's Diary~~ ကျွန်တော်က သူ့အတွက် အရေးပါတဲ့သူတစ်ယောက် ပါ..၊ မဟုတ်ဘူး..အရေးပါတာထက် အသုံးလိုတဲ့သူ တစ်ယောက်ပါ 💔💔 #This fiction is written with both unicode and zawgyi. ~~Hmuu Thar Khant's Diary~~ ကျွန်တော်က သူ့အတွက် အရေးပါတဲ့သူတစ်ယောက်...