[မှူးသာခန့် ]
နိုင်ငံခြားကို သူပြောင်းတော့မယ်တဲ့..။
ခွဲရတော့မယ်ဆိုတဲ့ အသိကြီးက ခေါင်းထဲမှာ တမြေ့ မြေ့နဲ့ လှိုက်စားနေခဲ့သည်..။ ပေါင်းသင်းလာခဲ့သည့် သံယောဇဥ်ကြောင့် ရုတ်တရက်ခွဲရမည်ဆိုတော့ ကျွန် တော် နည်းနည်းတော့ ခံစားရခက်နေသည်..။
ည၈နာရီကျော်နေပြီ ဖြစ်သဖြင့် အခန်းထဲသို့ လေးဖင့် စွာ ဝင်လာခဲ့ပြီး မနက်ဖြန် သူ့အိမ်သို့ မတတ်သာသည့် အဆုံး သွားရမည့် အခြေအနေတစ်ခု..။ သူ တက္ကသိုလ် ကို မလာတာ တစ်ပတ်ရှိပြီ..။
ကျွန်တော် ကုတင်ဘေးက စားပွဲခုံတွင် ဝင်ထိုင်လိုက် သည်..။ တက္ကသိုလ်က ပြန်ခါနီး ပါမောက္ခက အတန်း ထဲဝင်လာပြီး မင်းထင်နဲ့ သိတဲ့သူဘယ်သူရှိလဲ တဲ့..၊ မင်းထင်အိမ်ကို သိတဲ့သူက ကျွန်တော်ရယ် တခြားတစ်ယောက်ရယ်ပဲ..။ အဲဒီ့တခြားတစ်ယောက်က လည်း တက္ကသိုလ်ဝင်းထဲက မဟုတ်တော့ ပြောင်းရွှေ့ခွင့် ကို ကျွန်တော်ကပဲ ယူလာပေးလိုက်ရသည်..။အတန်းက ပြန်လာတော့လည်း ကျွန်တော်မျက်နှာ မလန်းခဲ့..။ သူနဲ့အမှတ်တရကောင်းတွေ သိပ်မရှိခဲ့သည့်အတွက် လည်း အားမလို အားမရ ဖြစ်ရသည်..။ အဓိကကတော့ အခုချိန်ထိ ကျွန်တော် သူ့ကို မဖွင့်ပြောရသေးချေ..။
ဒါပေမဲ့ ကျွန်တော်သူ့ကို နောက်ဆုံးအနေနဲ့တော့ ကျွန် တော့်ခံစားချက်တွေ သူမြင်အောင်လို့ ခံစားချက်တွေ ဖွင့်ဟထားဖူးခဲ့သည့် ဒိုင်ယာရီစာအုပ်လေးကို ပေး လိုက်ချင်သေးသည်..၊ သူ လက်မခံရင်တောင်မှပေါ့။
သက်ပြင်းဆွဲတစ်ခုကို ချကာ စားပွဲတင် မီးအိမ်လေး ကို ဖွင့်လိုက်ပါသည်။ ထို့နောက် စားပွဲအံဆွဲကို ဆွဲဖွင့် လိုက်ပြီး အထဲမှ မဖွင့်ဖတ်ဖြစ်တာ ကြာပြီဖြစ်သည့် ဒိုင်ယာရီစာအုပ်မိုးပြာရောင်လေးကို ကျွန်တော် ဆွဲ ထုတ်လိုက်ပါသည်..။
လက်နှစ်ဖက်ဖြင့် တယုတယ ကိုင်ကာ ထိတွေ့ကြည့် မိသည်..။
သိပ်ကို ကြာပြီပဲ..။ သူ့ကို စချစ်မိပြီလို့ ထင်ကတည်း က ရေးဖြစ်ခဲ့တာ ဒိုင်ယာရီစာရွက်လေးတွေတောင် ကုန်လုနီးပါး ဖြစ်နေပြီ..။
VOCÊ ESTÁ LENDO
လိုသုံး (Season-1) [Completed]
Romance~~Hmuu Thar Khant's Diary~~ ကျွန်တော်က သူ့အတွက် အရေးပါတဲ့သူတစ်ယောက် ပါ..၊ မဟုတ်ဘူး..အရေးပါတာထက် အသုံးလိုတဲ့သူ တစ်ယောက်ပါ 💔💔 #This fiction is written with both unicode and zawgyi. ~~Hmuu Thar Khant's Diary~~ ကျွန်တော်က သူ့အတွက် အရေးပါတဲ့သူတစ်ယောက်...