ရင်ခွင်{၀၂}

1.6K 149 27
                                    




'' ဂုဏ်... လက်မှတ်ထိုးလေ ... ''

နားရွက်ဖျားနားကပ်ကာထွက်ပေါ်လာသည့် အသံတိုးတိုးကြောင့် ဂုဏ် ရုတ်တရက် လန့်ဖျတ်တော့မလိုပင်ဖြစ်သွားသည်။

အယောင်ယောင်အမှားမှားနဲ့ ဘောပင်ကိုကိုင်ကာ မျက်စိရှေ့က ရွှေရောင်ကနုတ်တွေနဲ့ စာချုပ်ကို ငုံ့ကြည့်ပြီး လက်မှတ်ထိုးရမည့်နေရာကိုလိုက်ရှာသည်။ဒါပေမယ့် ရုတ်တရက်မတွေ့... တရားသူကြီးကော ကိုကိုတို့ကော အသိသက်သေတွေကော ရုံးထဲရှိသမျှလူအားလုံးရဲ့ မျက်လုံးတွေဟာ ကိုယ့်ဆီရောက်နေတာ သိသိကြီးနဲ့မို့ ပိုပြီးထူပူကာ ပျာယာခပ်လေ မတွေ့လေ။

ဂုဏ့်အခက်အခဲကို သူက ဘေးကနေသိရှိသွားပုံနဲ့ ကိုယ်ကိုကိုင်းကာ စာရွက်ရဲ့တနေရာစီ လက်ညှိုးနဲ့အသာအယာညွှန်ထောက်ပြလေသည်။

သြော် ... ခက်လိုက်တာ ... ဒီစာရွက်သေးသေးလေးထဲက ကိုယ့်နာမည်ကိုပင် သူများပြမှမြင်တော့တဲ့အထိပါလား...

စိတ်အေးအေးထားစမ်း ဂုဏ်သာရယ် ...

သို့သော် ... ဂုဏ်သည် စိတ်လှုပ်ရှားနေတာသက်သက်ချည့်ပဲလည်းမဟုတ်ပြန်ပေ။

မယုံနိုင်တာ ...

ဟုတ်တယ် ... အခုဖြစ်ပျက်နေတာတွေကို လက်တွေ့လို့မခံစားရတာ ...

ဂုဏ်ဦးနှောက်သည် မြူထူထူကျနေသော ဆောင်းမနက်ခင်းတစ်ခုလိုပဲ မှုန်မှိုင်းဝေသီပိတ်ဆို့ကာ ဘာကိုမှကြည်ကြည်လင်လင်မမြင်နိုင် ... ဘာကိုမှ တိတိကျကျခံစားလို့မရနိုင်ပဲ အေးခဲထုံထိုင်းလို့နေတာဖြစ်သည်။

ပြီးတော့ အိပ်မက်ထဲမှာ ထပြီးလမ်းလျောက်နေရသူလိုဖြစ်နေသည်။တက်ကြွလှုပ်ရှားနေတဲ့ ပတ်ဝန်းကျင်မှာ ... ဂုဏ်တစ်ယောက်ထဲ အဲ့ဒီလှုပ်ရှားပျော်ရွှင်မှုနဲ့ မသက်ဆိုင် ဖြစ်နေသလိုလို။

သူကအကောင်းနဲ့ညွှန်ပြတာဖြစ်ပေမယ့် သူ့ဘက်လှည့်ပြီးမျက်စောင်းတစ်ချက်ကိုထိုးလိုက်သေးတဲ့ဂုဏ့်ကို ခေါင်စောက ရယ်ချင်သော်လည်း မရယ်ရဲ။မျက်နှာလေးနီနီနဲ့ စိတ်တွေလှုပ်ရှားထွေပြားနေသေးမှန်းလည်း သိသာသော ဂုဏ့်ကို သနားလည်းသနားနေမိသေးသည်။

ရင်ခွင်အရိပ်မှာWhere stories live. Discover now