'' ဒီတစ်ခေါက်မှာ နောင်သာ့ရဲ့ မင်းမြန်မာကနေ project တစ်ခုရထားတာရှိတယ် ... လုပ်ငန်းကအရမ်းကြီးလို့ သူတို့ရှိတဲ့လူနဲ့တင်နိုင်မှာ မဟုတ်ဘူး ကန်ထရိုက်တွေ ပြန်ခွဲပေးရမှာပဲ ... ခေါ်လည်းခေါ်နေပြီ ''
'' ပါပါ့ကိုလည်း စာချုပ်တစ်ခုလောက်ချပေးပါလို့ .မင်းအစ်ကိုကို ပြောပေးပါ ..... ဒါအထူးအခွင့်အရေးအနေနဲ့တောင်းဆိုတာမဟုတ်ပါဘူး ...မဟုတ်လည်း တခြားလူတွေနဲ့တွဲလုပ်ရမယ့်အတူတူ အဲ့ဒီထဲကတစ်ခုလောက်ပြန်မျှပေးဖို့ပါ ... နောင်သာနဲ့တိုက်ရိုက်တွေ့ဖို့ကမလွယ်ဘူး ... သူပြန်လာမှဆိုရင်လည်း နောက်ကျသွားလိမ့်မယ် ... ဒါကြောင့် သားငယ်ကပြောပေးပါ ... ဂုဏ်ပြောပေးရင် နောင်သာကလက်ခံမှာပါ ... ပါပါ့ကို ဒီတစ်ခုလောက်တော့ ကူညီပေးပါ ဂုဏ် ''
ပါပါပြောခဲ့သမျှကို အကုန်အစင်ပြန်ပြောပြပြီးသွားတော့ ဂုဏ် မောလျသွားသလို ဖုန်းကိုတင်းတင်းကိုင်ပြီး ငြိမ်နေမိသည်။
ပါပါ့ကို လက်ခံတွေ့ဆုံသည့်အတွက် ဂုဏ့်ကို ကိုကိုစိတ်ဆိုးမှာလား။ပါပါတောင်းဆိုသည့်အကြောင်းအရာတွေကို ကိုကို့နားထဲပြန်ရောက်စေသည့်အတွက်ကော စိတ်ခုလေမလား။
ဒါပေမယ့်လည်း ဒီလောက်နှစ်တွေအများကြီးအတွင်းမှာ ဒီတစ်ကြိမ်သာ ဂုဏ့်ရှေ့ကိုပေါ်လာပြီး ကိုယ့်သားအရင်းဆီမှာ နူးညွှတ်ခယ တောင်းဆိုသွားတဲ့ ပါပါ့ကို ဂုဏ်ဥပေက္ခာမပြုနိုင်ပါ။ဒီအတောအတွင်း ပါပါ့ကို လုံးဝနီးပါး မေ့လျော့ပစ်ပယ်ထားသလိုဖြစ်နေတဲ့အတွက်လည်း ဂုဏ်အပြစ်မကင်းစိတ်မလုံသလိုခံစားနေရတာကြောင့်လည်းပါနိုင်သည်။
ပါပါကတော့ သူ့သားတွေအကြောင်းအားလုံးသိနေတယ်မလား။
တကယ်တော့ ဂုဏ့်ရဲ့ပါပါ့အပေါ် နာကျည်းမှုက ဒါလောက်ထိမပြင်းထန်လှဘူးထင်ပါရဲ့... မာမာ့အပေါ် ကိုကို့အပေါ် ပါပါဆက်ဆံပြုမူခဲ့ပုံတွေကိုလည်း ဂုဏ်မှတ်မိတာမှသိပ်မရှိလှပဲကိုး... ကိုကိုကခါးသည်းလှသဖြင့် ဂုဏ်ပါရောယောင်ရှောင်ဖယ်နေခဲ့မိတာမျိုးပဲဖြစ်ဖို့များပါသည်။
'' မမနန္ဒာလည်း ဒီလိုဖြစ်နေတဲ့အချိန် ဒီအကြောင်းတွေလှမ်းပြောပြရတာအားနာပါတယ် ကိုကို ဒါပေမယ့် ဂုဏ်ကိုယ့်ဘာသာမဆုံးဖြတ်တတ်လို့ ''