Chapter 3 [Unicode]

238 62 3
                                    

Day 01 21:00

မနက် 6 နာရီမှာ ဆည်းဆာမျဥ်းဟာ ကျယ်ပြောတဲ့ပစိဖိတ်ရေပြင်ကို ဖြည်းညင်းစွာ ဖြတ်ကျော်သွားတယ်။ မြောက်အမေရိကရဲ့ အနောက်ကမ်းရိုးတန်းပေါ်မှာ ယနေ့ရဲ့နေရောင်ခြည် ထွန်းလင်းလာဖို့ရာ နောက်ထပ်နာရီဝက် ကြာလိမ့်ဦးမည်။

Palo Alto မြို့ငယ်ဟာ တိတ်ဆိတ်ကာ မှိုင်းညှို့နေတယ်။ လမ်းထောင့်တွေမှာ အနီရောင်နဲ့အစိမ်းရောင်မီးတွေဟာ အထီးကျန်စွာ တစ်လှည့်စီပြောင်းလျက်ရှိပြီး ယာဥ်အနည်းငယ် ဖြတ်သန်းသွားကြတယ်။

အရှေ့ပိုင်းခရိုင်ရှိ လုံးချင်းအိမ်တစ်လုံးရဲ့ ပြတင်းတံခါးမှာ အလင်းရောင် ချဥ်းနင်းဝင်ရောက်လာကာ၊ ပါးလွှာတဲ့ ကန့်လန့်ကာများမှတဆင့် မီးခိုးရင့်ရောင် ဖလန်နယ်ညအိပ်ဝတ်ရုံ ဝတ်ထားတဲ့လူတစ်ဦးဟာ ပြတင်းပေါက်ဘောင်ကို မှီထားလျက်ရှိနေတာကို ဝိုးတဝါး မြင်ရတယ်။

သူ့ဆံပင်က အနည်းငယ်ရှုပ်ပွနေပြီး၊ မေးစေ့ကို မရိတ်သင်ထားပေ။ သူက ခေါင်းငုံ့နေပြီး သူ့ရဲ့ နှုတ်ခမ်းထောင့်စွန်းတွေက ရေးရေးလေး ကော့တက်နေကြတယ်။

သမုဒ္ဒရာရဲ့တစ်ဖက် တစ်သောင်းကီလိုမီတာအဝေးက သူ တခါမှမတွေ့ဖူးသေးတဲ့ အိမ်နီးချင်းရဲ့ ထစ်ထစ်အအ အသံဟာ ဖုန်းထဲကနေ ထွက်ပေါ်လာတယ် "...ကျွန်-ကျွန်တော် သွားကြည့်လိုက်တော့ ခင်ဗျားအိမ်ရှေ့တံခါးမှာ စာ-စာရွက်တစ်ခုတွေ့တယ်၊ ဟွမ်ကွေ့ဟွားက သူ့ဇာတိမြို့ကို ပြန်သွားပြီလို့ ရေးထားတယ်..."

"Mm"

ကောင်တာပေါ်က espresso machine ကနေ အသံတိုးသဲ့သဲ့ ထွက်နေကာ၊ အညိုရင့်ရောင်အရည်ကို ထုတ်ယူလျက် ကြွေခွက်ထဲကို တစ်စက်ချင်း ကျနေတယ်။

ခွက်ရဲ့ဘေးမှာ အမိုက်စား logo တစ်ခု ရိုက်နှိပ်ထားတယ်။

SwordArc

စာလုံးအစောင်း၊ စိမ်းပြာရောင်၊ အစစာလုံး S နဲ့ အဆုံးစာလုံး C ဟာ မျဥ်းစောင်းချွန်ထက်ထက်ကို ကွေးထားတဲ့ပုံဖြစ်တယ်။

"...ကျွန်တော်က ညစာအတွက် ပု-ပုစွန်ဆန်ပြုတ် ပြုတ်ထားပြီး အထဲမှာ အသားရော အသီးအရွက်တွေရော ပါတော့၊ ဘူးဘူးကို ပန်းကန်တစ်လုံး ကျွေးလိုက်တယ်။ သူက အဲ့ဒါကို တော်တော်အရသာရှိတယ်လို့ ထင်...ထင်တယ်တဲ့..."

Pastel Colours [Myanmar Translation]Where stories live. Discover now