Chapter 4.2 [Unicode]

215 57 9
                                    

ယခုအချိန်မှာ၊ ဟယ့်ကျစ်ယွမ်က SwordArc ဌာနချုပ်က သူ့ရဲ့ရုံးခန်းထဲမှာ ထိုင်နေတာဖြစ်တယ်။ နေ့လည် 12 နာရီအချိန်မှာ နေရောင်က တောက်ပစွာထွန်းလင်းနေကာ၊ နံရံအပြည့်ပြတင်းတံခါးရဲ့အပြင်က အပူပိုင်းသစ်ပင်တွေဟာ တက်ကြွစွာဖူးပွင့်နေကြတယ်။ ပိုးအိမ်ကြီးက သူ့ရဲ့ညဘက်ကင်းလှည့်တဲ့လုပ်ဆောင်ချက်ကို ပိတ်လိုက်တာနဲ့ စောင့်ကြည့်အချက်ပြမှုကလည်း ရပ်သွားပြီး၊ screen ကို 9 စက္ကန့်ကြာတဲ့ ဗီဒီယိုတစ်ခုအဖြစ် ပြန်ပြောင်းလိုက်တယ်။

ဗီဒီယိုက အစကနေပွင့်လာတယ်။ အရင်ဆုံးပေါ်လာတာက၊ အနီနဲ့အဖြူအကွက်အေပရွန်ကို ဝတ်ထားတဲ့ လူငယ်လေးတစ်ယောက်က 8012B ရဲ့ တံခါးဝမှာ မှီလျက်ရှိနေကာ ကင်မရာကို ဇဝေဇဝါနဲ့ငေးကြည့်နေတယ်။ ကင်မရာက တဖြည်းဖြည်းနီးသွားတဲ့အခါ၊ လူငယ်လေးက အနည်းငယ်စိုးရိမ်ပုံပေါ်သွားပြီး အနောက်ကိုခြေတစ်လှမ်းဆုတ်သွားတယ်။ ရုတ်တရက် ဘူးဘူးဟာ screen ရဲ့ ဘယ်ဘက်ကနေ ပေါ်လာပြီး သူ့ဆီကို အဝတ်အစားပုံကြီးကိုသယ်ရင်း ပြေးသွားတယ်။ လူငယ်လေးက အမြန်ထိုင်ချလိုက်ပြီး ကလေးကို ရင်ခွင်ထဲမှာ အမိအရဆီးဖမ်းလိုက်တယ်။

ဗီဒီယိုအပြင်၊ ၎င်းနဲ့ သက်ဆိုင်တဲ့မှတ်တမ်းစာရင်းသွင်းမှုအသစ် 3 ခုကိုလည်း database ထဲကို ထည့်သွင်းပေးထားတယ်။

ပထမစာရင်းသွင်းမှု - အနီရောင်, မှတ်ပုံတင်ထားခြင်းမရှိသော သံသယဖြစ်ဖွယ်အရာများဝင်ရောက်မှု သတိပေးချက်, April 03 21:17:36.

ဒုတိယစာရင်းသွင်းမှု - အဝါရောင်, အန္တရာယ်အဆင့်နိမ့်ကျသော ရန်လိုမှုမရှိသည့်ခန့်မှန်းချက်, April 03 21:17:40.

တတိယစာရင်းသွင်းမှု - အစိမ်းရောင်, လုံခြုံသည့်ဝင်ရောက်မှုအသစ် စာရင်းသွင်းခြင်း, April 03 21:17:45

နောက်ဆုံးမှတ်တမ်း စာရင်းသွင်းတဲ့ recording အချိန်ဟာ ဘူးဘူးက သူ့ကိုယ်သူ စုန့်ရန်ရဲ့ရင်ခွင်ထဲကို ပစ်ဝင်လိုက်တဲ့အချိန် ဖြစ်တယ်။

ဗီဒီယိုက ဒီနေရာမှာ ပြီးဆုံးသွားတယ်။

သံသယဖြစ်ဖွယ်အရာများဝင်ရောက်မှုလို့ ကနဦးသတ်မှတ်တာကနေ လုံခြုံသည့်ဝင်ရောက်မှုလို့ နောက်ဆုံးသတ်မှတ်တာအထိဟာ၊ SwordArc က အကောင်အထည်ဖော်ထည့်သွင်းထားတဲ့ ကျိုးကြောင်းဆီလျော်စွာ ကောက်ချက်ချနိုင်တဲ့စံနှုန်း 12 ခု ကြောင့်ဖြစ်တယ်။ စံနှုန်းအားလုံးထဲမှာ အမြင့်ဆုံးဦးစားပေးအဆင့် 3 ခုက: No.1 - ကလေးရဲ့ အပြုအမူ (ဆန္ဒအလျောက်ရုပ်ပိုင်းဆိုင်ရာနီးကပ်မှုနဲ့ ဆုံးဖြတ်ခြင်း); No.2 - ကလေးရဲ့ စိတ်ခံစားချက် (အနီအောက်ရောင်ခြည်သုံးဓာတ်မှန်ရိုက်ကာ၊ ပျော်ရွှင်မှု/နှစ်သက်မှုအခြေအနေနဲ့ တွက်ချက်ခြင်း); No.3 - အရာဝတ္ထုတွေရဲ့အပြုအမူကို စောင့်ကြည့်ခြင်း (၎င်းတို့ရဲ့ရမှတ်ဟာ အမြင့်ဆုံးခွင့်ပြုနိုင်သော အန္တရာယ်သတ်မှတ်ချက်အောက် လျော့နည်းရမည်) တို့ ဖြစ်တယ်။

Pastel Colours [Myanmar Translation]Tempat cerita menjadi hidup. Temukan sekarang