Warning ⚠️ ဒီအပိုင်းမှာပါတဲ့ တချို့စကားလုံးတွေက နည်းနည်း.. sexual content တွေ ပါတာမို့၊ နောက်အပိုင်းတွေမှာလည်း ပါဦးမလားမသိလို့ mature on ပြီး ကြိုသတိပေးလိုက်ရပါတယ်ရှင်~
-----
Day 02 06:42
ဟယ့်ကျစ်ယွမ်ရဲ့ ညဥ့်နက်ဖုန်းခေါ်ဆိုမှုကြောင့်၊ စုန့်ရန်ဟာ တစ်ညလုံး ကောင်းကောင်းမအိပ်ခဲ့ရပဲ၊ နောက်တစ်နေ့မနက် အိပ်ရာထလာတဲ့အခါ မျက်လုံးနှစ်ဖက်လုံး အကွင်းလိုက်ကြီးမဲနေကြတယ်။ သူ မှန်ရှေ့မှာ အကြာကြီးပွတ်ကြည့်ပေမယ့်၊ ပျက်မသွားပဲ တမင်တကာ eyeshadow ဆွဲထားတဲ့ပုံစံ ဖြစ်နေတယ်။
အတိအကျပြောရရင် အဓိကအကြောင်းအရင်းကတော့ ဟယ့်ပါပါးရဲ့အသံဟာ လွှမ်းမိုးနိုင်လွန်းတာကြောင့်၊ စုန့်ရန်ဟာ အဲ့ဒီ 'လက်ထပ်ခွင့်တောင်းခံရတဲ့ ခံစားချက်' မှာ ပိတ်မိနေခဲ့တာဖြစ်တယ်။ ညရဲ့ပထမပိုင်းမှာ စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းပြီးစီးခဲ့ပြီး၊ ဒုတိယပိုင်းမှာတော့ အချစ်ဇာတ်လမ်းထဲမှာ ပါဝင်ခဲ့ရတယ်။
အိပ်မက်ထဲမှာ၊ Infiniti နတ်ဘုရားဟာ အချိုးကျတဲ့ အနက်ရောင်ဝတ်စုံ ဝတ်ထားပြီး၊ နှင်းဆီနီပန်းစည်းကို လက်တစ်ဖက်မှာကိုင်ကာ၊ ပန်းပင်လယ်ထဲကနေ ပျံသန်းလာတယ်။ သူက ဒူးတစ်ဖက်ထောက်လိုက်ပြီး၊ လက်စွပ်တစ်ကွင်းကို ထုတ်ကာ စုန့်ရန်ကိုလက်ထပ်ခွင့်တောင်းလာခဲ့တယ်။ စုန့်ရန်က ကြယ်လိုတောက်ပနေတဲ့မျက်ဝန်းတွေနဲ့ အရူးအမူးခေါင်းညိမ့်လိုက်ပြီး၊ နှာခေါင်းသွေးတွေ စမ်းရေလိုစီးကျလာကာ အနီရောင်မြစ်တစ်ခုထဲကို ပေါင်းစည်းသွားတယ်။ ထို့နောက် ဝတ်စုံ, ကိုယ်ကျပ်, ရှပ်နဲ့ အတွင်းခံတွေ အကုန်မရှိတော့ပဲ... လူနှစ်ယောက်ဟာ အဝတ်အစားအပိုင်းအစလေးတစ်ခုတောင် မကျန်တော့အောင် ချွတ်လိုက်ကြတယ်။ မိုးရေနဲ့ ပန်းတွေကြားမှာ၊ လက်ချင်းထပ်ကာ၊ သူတို့ဟာ gay porn ဗီဒီယိုထဲကအတိုင်း စိတ်အားထက်သန်ခဲ့ကြပြီး၊ အသေးစိတ်တိုင်းကိုတော့ ဖော်ပြလို့မရနိုင်ပါ။
မနက်နိုးလာတော့၊ အတွင်းခံကို ထိကြည့်ပြီးတဲ့အခါ သူ့တစ်ကိုယ်လုံး အစိတ်စိတ်အမွှာမွှာကွဲကြေသွားတယ်။
KAMU SEDANG MEMBACA
Pastel Colours [Myanmar Translation]
RomansaTitle - 淡彩 @ Pastel Colours Author - 十九瑶 @ Shi Jiu Yao Chapters - 42 + 12 Extras Just a fan translation and I do not own the story. Respectfully credit to original author and eng translator. 💖