Chapter 6.1 [Unicode]

232 61 23
                                    

Day 02 16:33

ညနေရောက်တော့ စုန့်ရန်က ဘူးဘူးကိုကျောင်းကြိုဖို့ စက်ဘီးဟောင်းလေးကို နင်းသွားတယ်။

မနေ့က ဘူးဘူးက သူ့ရဲ့အုပ်ထိန်းသူ ရောက်လာမှာကို မစောင့်ခဲ့ပဲ၊ ​ဆရာမရဲ့ မျက်လုံးအောက်ကနေ ​မျောက်ကလေးလို လှစ်ခနဲထွက်သွားခဲ့တယ်။ ဒါပေမယ့် အခု သူ့မှာ လာပို့လာကြိုမယ့်ကိုကို ရှိနေပြီဖြစ်တဲ့အတွက်၊ ဒီနေ့တော့ တံခါးဝမှာ သေချာရပ်စောင့်နေတယ်။ စုန့်ရန်ကို တွေ့တဲ့အခါ၊ ဘူးဘူးက သူ့ရဲ့ပါးပေါ်မှာ အနီရောင်ပန်းလေးတစ်ပွင့်ကို အမြန်ကပ်လိုက်တယ်။ စုန့်ရန်မေးကြည့်လိုက်တော့ ဘူးဘူးက ဂုဏ်ယူဝံ့ကြွားတဲ့မျက်နှာနဲ့၊ သူ ကောင်းကောင်းနားထောင်ခဲ့ရတဲ့ chipmunk လေးနဲ့ မီးခိုးရောင်ရှဥ့်လေးရဲ့ပုံပြင်ကို သူငယ်ချင်းတွေကို ပြန်ပြောပြခဲ့ပြီး၊ အတန်းထဲကကောင်မလေးတွေအားလုံးက သူ့ကို စတစ်ကာလေးတစ်ခုစီ ပေးခဲ့ကြတယ်လို့, ပြောတယ်။

ပထမတော့ စုန့်ရန်ဟာ သူ့ရဲ့အလွန်ကောင်းမွန်တဲ့ မှတ်ဉာဏ်နဲ့ ပြန်လည်ထုတ်ဖော်ပြနိုင်စွမ်းကို အရမ်းအံ့သြသွားခဲ့တာဖြစ်တယ်။ သို့သော် ဒုတိယတွေးမိတာက၊ ဟယ့်ပါပါးက ရှောင် Q လိုမျိုး ထူးဆန်းတဲ့အရာတောင်မှ ပြုလုပ်နိုင်သေးတယ်; ဒီလိုလူမျိုးက တခြားလူတွေနဲ့ ဦးနှောက်လှိုင်းအလျားတော့ သေချာပေါက်တူမှာမဟုတ်ဘူး။ စကားပုံအတိုင်းပဲ၊ ကျားအဖေကနေ ခွေးသားလေးတော့ ထွက်လာမှာ မဟုတ်ဘူး။ ဘူးဘူးက သူ့ရဲ့မျိုးရိုးဗီဇကို အမွေဆက်ခံထားတဲ့အတွက်၊ တခြားကလေးတွေထက် နည်းနည်းပိုထက်မြက်လိမ့်မှာ အသေအချာပဲ။

ဘူးဘူးဟာ ပရိတ်သတ်အကြိုက်ရဲ့ ချိုမြိန်မှုကို မြည်းစမ်းခဲ့ပြီးဖြစ်တယ်။ ညစာစားပြီးတဲ့အခါ၊ မနက်ဖြန်လဲ အနီရောင်ပန်းလေးတွေ ထပ်ရအောင်၊ သူ့ကို နောက်ထပ်ပုံပြင်တစ်ပုဒ်ပြောပြပေးဖို့ ကပ်တွယ်ကာ ပူဆာနေတော့တယ်။

ဒီတစ်ခါတော့ စုန့်ရန်က သူ့အတွက် 'သစ်ကုလားအုတ်တွေ မကနိုင်ဘူး' ဆိုတဲ့ စာအုပ်လေးကို ရွေးလိုက်တယ်။ လူငယ်လေးနဲ့ကလေးဟာ ဆိုဖာပေါ်မှာ သက်တောင့်သက်သာ ကွေးလိုက်ကြပြီး၊ တကယ်တွေ့ကြုံနေရသလိုပုံဖော်ကာ တီးတိုးတီးတိုးပြောကြတော့တယ်။

Pastel Colours [Myanmar Translation]Tempat cerita menjadi hidup. Temukan sekarang