Chapter 4.1 [Unicode]

219 59 0
                                    

Day 01 21:26

ကလေးက အိမ်နဲ့အဝေးမှာ အိပ်ချင်တယ်ဆိုရင်၊ လဲစရာအဝတ်တွေနဲ့ တခြားလိုအပ်တဲ့ပစ္စည်းတွေ ပြင်ဆင်ဖို့လိုတယ်။

ဘူးဘူးက ပြင်ဆင်ဖို့အတွက် တိုက်ခန်းထဲကို အပြေးအလွှားဝင်သွားကာ၊ စုန့်ရန်က သူ့အတွက် မီးဖွင့်ပေးလိုက်တယ်။ အစကတော့ သူဝင်ပြီး ကူညီပေးဖို့ စဥ်းစားခဲ့ပေမယ့်၊ အိမ်ထဲမှာ လူကြီးတွေ တစ်ယောက်မှ မရှိနေတာကိုတွေးမိသွားတယ်၊ တခြားသူတွေရဲ့အိမ်ထဲကို ကျူးကျော်ဖို့မသင့်ချေ။ သူက တံခါးဝမှာသာ မှီရပ်နေရင်း၊ အိပ်ခန်းနဲ့ ရေချိုးခန်းကြားမှာ ယုန်ကလေးလို ခေါက်တုံ့ခေါက်ပြန် ပြေးနေတဲ့ ဘူးဘူးကို ကြီးကြပ်ပေးနေလျက်ရှိတယ်။

ဘူးဘူးဟာ ဧည့်ခန်းကို တခါဖြတ်သွားတိုင်းမှာ အလိုအလျောက်ခေါင်းလှည့်ကာ၊ တံခါးဆီကို လှမ်းလှမ်းကြည့်ပြီး သေချာသတိပေးတယ် "ကိုကို ထွက်မသွားနဲ့နော်!"

စုန့်ရန် ကတိပေးလိုက်တယ် "လုံးဝ မသွားဘူး"

ကလေးတစ်ယောက်ရဲ့ လုပ်ကိုင်မှုတွေက အနည်းငယ်အဆင်မပြေမှုတွေနဲ့ နှေးကွေးတာကြောင့် စုန့်ရန်က အိမ်နီးချင်းရဲ့ဧည့်ခန်းကို ကြည့်ဖို့ အခွင့်အရေးရလိုက်တယ်။

သူမှန်းဆခဲ့တဲ့အတိုင်း၊ 8012B ရဲ့ အတွင်းပိုင်းအပြင်အဆင်ဟာ ခြေသုတ်ခုံအခင်းစတိုင်အတိုင်းပဲဖြစ်ပြီး စံပြ minimalism တစ်ခုဖြစ်တယ်။ အဓိကအရောင်တွေက အနက်၊ အဖြူနဲ့ မီးခိုးရောင်တွေဖြစ်ပြီး နေရာတိုင်းဟာ သပ်ရပ်ဖြောင့်​တန်းတဲ့မျဥ်းကြောင်းတွေနဲ့ ဖွဲ့စည်းထားတယ်။ နံရံအလှဆင်ပန်းချီကားတွေကိုတောင် Mondrian ရဲ့ စိတ္တဇအရောင်စုံဘလော့တုံးပန်းချီတွေကို သုံးထားတာဖြစ်တယ် - တကယ်လို့ 8012A ဟာ ကလေးတွေရဲ့ အိပ်မက်အပန်းဖြေဥယျာဥ်တစ်ခု ဖြစ်လျှင်၊ 8012B က လူကြီးတွေရဲ့ရုံးခန်းနေရာတစ်ခု ဖြစ်တယ်၊ ကလေးတစ်ယောက်နေထိုင်တဲ့ သဲလွန်စသေးသေးလေးတစ်ခုတောင် ရှာမတွေ့နိုင်ချေ။
(minimalism = အရိုးရှင်းဆုံးနဲ့ တတ်နိုင်သမျှအနည်းဆုံးချုံ့ပြီး နေထိုင်ခြင်း)

သူမှန်းဆခဲ့တဲ့အတိုင်း၊ 8012B ရဲ့ အတွင်းပိုင်းအပြင်အဆင်ဟာ ခြေသုတ်ခုံအခင်းစတိုင်အတိုင်းပဲဖြစ်ပြီး စံပြ minimalism တစ်ခုဖြစ်တယ်။ အဓိကအရောင်တွေက အနက်၊ အဖြူနဲ့ မီးခိုးရောင်တွေဖြစ်ပြီး နေရာတိုင်းဟာ သပ်ရပ်ဖြောင့်​တန်းတဲ့မျဥ်းကြောင်းတွေနဲ့ ဖွဲ့စည်းထားတယ်။...

Ops! Esta imagem não segue nossas diretrizes de conteúdo. Para continuar a publicação, tente removê-la ou carregar outra.
Pastel Colours [Myanmar Translation]Onde histórias criam vida. Descubra agora