Chapter 9.1 [Unicode]

428 87 14
                                    

Day 04 20:59

ညသန်းခေါင်၊ ဟယ့်ကျစ်ယွမ် လက်စသတ်ရမယ့်အလုပ်တွေအားလုံးပြီးစီးသွားတဲ့အခါ၊ သူစိတ်ကြိုက်ပြင်ထားတဲ့ Porsche ကို အမြန်လမ်းအတိုင်း တစ်နာရီ မိုင် 90 နှုန်းနဲ့ တောက်လျှောက်မောင်းပြီး အိမ်အမြန်ပြန်ခဲ့တယ်။ အဲ့ဒီနောက် ရေနွေးနွေးနဲ့ချိုး၊ ဝိုင်နီ ခွက်တစ်ဝက်သောက်ပြီး အိပ်ပျော်သွားတော့တယ်။

လေးနာရီအကြာမှာတော့၊ အကျင့်ဖြစ်နေတဲ့ ဇီဝနာရီကြောင့် မနိုးချင်လည်းနိုးလာကာ၊ အိပ်ချင်မူးတူးနဲ့ဖုန်းကိုလှမ်းဆွဲလိုက်ပြီး ဒီနေ့အတွက်အချစ်ဖုန်းလေးကို ခေါ်ဆိုလိုက်တယ်။

ဘူးဘူးက ဖုန်းကိုကောက်ကိုင်ပြီး၊ 'ပါ့ပါ' လို့ နူးညံ့စွာခေါ်လိုက်ကာ၊ သူအခုရောင်စုံခြယ်နေပြီး အဲ့ဒါကအရမ်းလှတဲ့အကြောင်း ပြောပြလိုက်တယ်။

ဟယ့်ကျစ်ယွမ် မေးလိုက်တယ် "ဆေးရောင်ခြယ်စာအုပ်အသစ် ဝယ်ထားတာလား?"

"မဟုတ်ဘူး"

ဘူးဘူးက အစိမ်းရင့်ရောင် ရောင်စုံခဲတံကိုလှမ်းယူပြီး၊ ခဲပန်းချီနဲ့ဆွဲထားတဲ့ ကြောင်လေးရဲ့ခေါင်းပေါ်က သစ်ရွက်လေးထဲမှာ ဂရုတစိုက်ခြယ်လိုက်တယ်။ "ကိုကိုစုန့်ရန် သားအတွက်ဆွဲပေးထားတာ။ မနက်တုန်းက သားတို့ မီးခိုးရောင်ကြောင်လေးတစ်ကောင်နဲ့ တွေ့ခဲ့တယ်။ သူက အရမ်းချစ်ဖို့ကောင်းလို့၊ ကိုကိုက သားအတွက် သူ့ပုံလေးဆွဲပေးတာ"

ညနေ မူကြိုကျောင်းဆင်းတုန်းက၊ မရင်းနှီးတဲ့အားရီအသစ်က သူ့ကိုအိမ်ပြန်ဖို့လာကြိုခဲ့တယ်။ မျှော်လင့်ထားတာနဲ့ခြားနားစွာ စုန့်ရန်က အိမ်မှာရှိမနေပေ၊ သို့သော် ကလေးစာအုပ်အစည်း 3 စည်းကို 8012B ရဲ့ တံခါးဝမှာချထားလျက်၊ လှပစွာကောက်ကြောင်းပန်းချီဆွဲထားတဲ့ မီးခိုးရောင်ပြောက်ကျားကြောင်လေးတစ်ကောင်ပုံပါ ထည့်ထားခဲ့သေးတယ်။ ဘူးဘူးဟာ အစကတော့ အနည်းငယ်စိတ်ဓာတ်ကျနေခဲ့ပေမယ့်၊ ကိုကို့ရဲ့ ပုံနဲ့စာအုပ်တွေကိုမြင်လိုက်ရတဲ့အခါ စိတ်အခြေအနေက တမဟုတ်ချင်းမြင့်တက်သွားခဲ့တယ်။ သူက ပုံလေးကိုအရောင်ကောင်းကောင်းခြယ်ထားပြီး၊ ကိုကိုအိမ်ပြန်လာတဲ့အချိန်ကျရင် ပေးမယ်လို့ ဆုံးဖြတ်လိုက်တယ်။

Pastel Colours [Myanmar Translation]Wo Geschichten leben. Entdecke jetzt