Part 4

607 70 2
                                    

Unicode version

‌စကားပြောသံတချို့။ ပြီးတော့မီးခိုးနံ့။ အေးစိမ့်စိမ့်မှာ အနွေးဓါတ်တချို့။ လေးလံတဲ့မျက်ဝန်းတွေကိုအားယူဖွင့်လိုက်သည်။ သစ်လုံးများတန်းထားတာတွေ့လိုက်သည်။ ပြီးတော့ မီးခိုး‌ငွေ့တွေ။

သက်ကယ်မိုး။ ဒါက ဖြစ်သင့်တဲ့ အနေအထားပဲ။ ခေါင်းကိုဆောင်းကြည့်လိုက်သည်။ လူရိပ်ပါ။ ဒါပေမယ့်ဝိူးတိုးဝါးတားရယ်။

သေချာမမြင်ရဘူး။ ပြီးတော့

"သတိရလာပြီလား"

သူမကိုစကားလှမ်းပြောလေပြီ။ အဖျားတက်နေသည်နှင့်တူသည်။ ကြားတချက် မကြားတချက်။

"ရေထဲကျ...............ဖျားနေတာ"

ဘာတွေပြောနေတာလဲနားမလည်။ မျက်လုံးပြန်မှတ်လိုက်သည့်နောက် အိပ်မောကျသွားသည်။

သွေးပုလဲ စကားမဆုံးခင်ပဲ အိပ်ပျော်သွားတာဆိုတော့။

"အဖျားမကျသေးဘူး။ မနက်လင်းမှ မသက်သာရင်ဆရာဝန်ပြန်ခေါ်မှရမယ်။ ခြေထောက်နှစ်ချောင်းလုံးလဲကျိုးနေတာဆိုတော့။အနာရှိန်တက်တာဖြစ်ပါလိမ့်မယ်"

ဆံပင်အဖြူဆိုတာလူတိုင်းနဲ့လိုက်တာမဟုတ်။ အခုတော့ စွပ်ကျယ်နဲ့စတိုင်ပန်တစ်ထည်တည်းနဲ့ရေထဲပြုတ်ကျလာတာ။ပြီးတော့ အရမ်းလန်းတယ်။ ပြောရမယ်။

ကြည့်ပြီးပြုံးလိုက်သည်။ မမဝါနုရီပြီးရင် သူမသဘောကျတဲ့လူက ဒီလူပဲ။

အေးစိမ့်စိမ့်ရာသီဉတုမှာ မီးဖိုကိုအဖော်ပြုရင်းခြံလွှာကိုဆွဲခြုံလိုက်သည်။ မီးဖိုတဖက်တချက်မှာ ဆိုပေမယ့် ဘေးချင်းယှဉ်အိပ်နေရသလိုပါပဲ။

သွေးပုလဲ ပြုံးနေမိသည်။ မနက်လင်းမှဘယ်လိုအခြေအနေ ဖြစ်မလဲ သိချင်လိုက်တာ။ သေချာတာကတော့ သူအိမ်ပြန်ချင်ရင် တောင် ခြေထောက်အခြေအနေနဲ့ ဘာမှ ဖြစ်မှာမဟုတိဘူး။

သွေးပုလဲပြုံးနေမိတော့သည်။ ဒီသစမလုံးအိမ်မှာက သူမတစ်ယောက်တည်းနေရတာပါ။ မီးမရှိဘာမရှိ။ ဒါကြောင့်နေတိုင်းမီးဖိုရသည်။

အရမ်းအေးတာကိုး။ ရုတ်တရပ်ကျောဘက်ကပူခနဲဖြစ်လာသည်။ ချက်ချင်းထထိုင်လိုက်သည်။

Soul of Dark Heart (အနက်ရောင်နှလုံးသားဝိဉာဉ်)Where stories live. Discover now