Unicode version
မေဘယ်လာပြန်ရောက်လာပါပြီ။ အခန်းထဲမှာ ယိုလီနဲ့ ရှာရွန်အတု။ရှိနေသည်။ တမြေ့မြေ့လောင်ကျွမ်းနေပေမယ့် နည်းနည်းလေးမှ နူတ်ကမဟတော့။
ယိုလီထိုင်ကြည့်နေရုံကလွဲရင် ဘာမှမတက်နိုင်။ နာကျင်မှုကြောင့်အော်ညှီးနေသည်။ မေဘယ်လာက
"နေရာသိပြီ။ ဝင်လို့မရဘူး။ညီမလေး ကြိုးစားကြည့်မလား"
ယိုလီထရပ်ပြီး
"ရေခါရဲ့အတားအဆီးတွေက ညီမ နံ့ဆန့်ကျင်ဘက်စွမ်းအားနဲ့တားဆီးထားမှာပဲ။ ဒီတော့ တခုပဲရှိတယ်"
"အင်း"
"အဲ တယောက်ကိုပြာချပြီး အတားအဆီးဖြတ်မယ်"
ရှာရွန် အတုမျက်လုံးပြူးသွားတော့သည်။ မေဘယ်လာကနားမလည်။မျက်မှောင်ကုတ်သွားရင်း
"ဖြစ်နိုင်ပါ့မလား"
ယိုလီက
"ဖြစ်နိုင်တာပေါ့။ ဒီတယောက်ကို ဘာနဲ့ဖန်တီးထားမယ်ထင်လဲ"
"ပြောမယ်။ ပြောမယ်။ ကျမပြောပြမယ်။ ကျမကိုမသတ်ပါနဲ့"
ယိုလီပြုံးလိုက်သည်။ နေ့ဝက်ခန့်မီးမြိုက်နေတာကို အော်သံကလွဲရင်မကြားရဘဲ အခုမှ။သေမှာကြောက်နေတာကိုး။
ယိုလီက မေဘယ်လာကိုခေါင်းညိတ်ပြလိုက်သည်။
"သခင်မရေခါရဲ့အိပ်ခန်းထဲမှာ လျို့ဝှက်ခန်းရှိတယ်။ ကုတင်ကိုတွန်းရွေ့လိုက်ရင် လျို့ဝှက်တံခါးပေါ်လာတယ်။ အဲနေရာကနေဆိုရင် ဘာအတားအဆီးမှာဖြတ်စရာမလိုဘူး
ပြီးတော့ လျို့ဝှက်အခန်းထဲမှာ သခင်မ ဖမ်းဆီးထည့်ထားတဲ့ ဝိဉာဉ်တွေအများကြီးပဲ။ ရှာရွန်ကိုထည့်ထားတဲ့ဖန်ပုလင်းက အနီရောင်သန်းနေတယ်။
အဲတာတခုပဲ အနီရောင်ဖြစ်နေတာ"
ယိုလီက
"မမ။ သူ့ကိုစောင့်ကြည့်ထားလိုက်နော်။"
"ဟုတ်ပြီ။ သွားတော့"
ယိုလီ အမြန်ဆုံးပြေးထွက်လာသည်။ ရေခါရဲ့အဆောင်ရှေ့အရောက်
"အမှောင်အစောင့်ရှောက်သခင်မ...ဒါက"
"ဝုန်း"
YOU ARE READING
Soul of Dark Heart (အနက်ရောင်နှလုံးသားဝိဉာဉ်)
HororUnicode နှစ်ထောင်ပေါင်းများစွာသိုဝှက်နေထိုင်သူတွေရဲ့ကန့်သတ်ဧရိယာအတွင်းကနေ မထင်မှတ်ထားတဲ့အဖြစ်အပျက်ကြောင့် ကန့်သတ်ဧရိယာရဲ့အရင်းအမြစ် အနက်ရောင်နှလုံးသားဝိဉာဉ်ပျောက်ဆုံးသွားသည့်အတွက်ကြောင့် ထိုနှလုံးသားကို လိုက်ရှာမည့်Fic ဖြစ်ပါသည်/ သဘာဝလွန် စိတ်ကူးယဉ်...