Unicode version
"နေလည်တနာရီ လူပြန်စု ပေးပါ။ လူတွေ့အောင်တဲ့သူတွေရဲ့စာရင်းကိုထုတ်ပြန်ပေးပါမယ်။
ပြီးတော့ လူတွေ့အောင်ရင် စာချုပ်ချုပ်ရပါမယ်။
စာချုပ်လက်မှတ်ထိုးပြီးရင် စာချုပ်ပါအချက်အလက်အတိုင်း ဆက်လက်လုပ်ဆောင်သွားမှာပါ။ ခဏနေပြန်တွေ့ကြမယ်နော်"သွေးပုလဲ လေပူမှုတ်ထုတ်လိုက်သည်။ မမ ပြန်ရောက်လာတာနဲ့
"နေ့လည်စာ သွားစားရအောင်။ စောစောကကြော်ညာသံကြားလိုက်တယ်။ နေ့လည်တနာရီမဟုတ်လား"
"အွန်း။ မမ ဘယ်သွားနေတာလဲ။ စောစောကမတွေ့မိဘူးကော"
ဝါနုက
"အသိတ ေယာက်နဲ့ဆုံနေတာ။ သွားရအောင် ဒီအဆောက်အဦးရဲ့လမ်းတဖက်မျက်နှာချင်းက ကြက်ကြော်အရမ်းကောင်းတယ်ဆိုပဲ။ သွားစားကြမယ်"
"အင်း။ သွားရအောင်" ဝါနုသူမလက်ကိုဆွဲပြီးထွက်သွားချိန် ယိုလီ စစ်ဆေးရေးခန်းထဲဝင်လာသည်။
"ဉက္ကဌ" ချက်ချင်းထပြီးနူတ်ဆက်လာသည့်အတွက် သူမကလက်ကာပြပြီး။
"သွေးပုလဲ ဆိုတာပါမယ်ထင်တယ်"
စီစစ်ရေးအဖွဲ့ဝင်ထဲကတယောက်က
"ဟုတ်ကဲ့"
ယိုလီက
"ငါ့ဆီပို့လိုက်။ လက်မှတ်ထိုးပြီးတာသေချာပြီဆိုမှ နေရာခွဲလိုက်ရင် အဆင်ပြေပြီ။"
"ဟူတ်ကဲ့"
"ဖေဖေကော။ ဒီနေ့မတွေ့ပါလား"
လူရှေ့သူရှေ့မှာဆိုရင်တော့ သူမတို့ရဲ့သားအဖ အမည်ခံကိုခဏခဏထုတ်သုံးသည်။
"သူဌေး ခရီးထွက်သွားပါတယ်"
"အိုကေ။ "
"စိတ်ချမယ်နော်"
"ဟုတ်ကဲ့" ယိုလီအခန်းထဲကပြန်ထွက်သွားတော့မှ ထိုသူတွေသက်ပြင်းချနိုင်သည်။
"သူရောက်တာတလမပြည့်သေးဘူး။ သူအားလုံးခြုပ်ကိုင်နေတာ သူဌေးကသိကောသိရဲ့လား"
"ဟေ့ မိန်းကလေးတွေနော်။ စကားကိုကြည့်ပြော။ သူ့အနာဂါတ်ဆက်ခံသူဖြစ်မှာ။ "
YOU ARE READING
Soul of Dark Heart (အနက်ရောင်နှလုံးသားဝိဉာဉ်)
HorrorUnicode နှစ်ထောင်ပေါင်းများစွာသိုဝှက်နေထိုင်သူတွေရဲ့ကန့်သတ်ဧရိယာအတွင်းကနေ မထင်မှတ်ထားတဲ့အဖြစ်အပျက်ကြောင့် ကန့်သတ်ဧရိယာရဲ့အရင်းအမြစ် အနက်ရောင်နှလုံးသားဝိဉာဉ်ပျောက်ဆုံးသွားသည့်အတွက်ကြောင့် ထိုနှလုံးသားကို လိုက်ရှာမည့်Fic ဖြစ်ပါသည်/ သဘာဝလွန် စိတ်ကူးယဉ်...