Part 26

424 57 8
                                    

Unicode version

ယိုလီ။ သူမနေထိုင်ရာအပြင်ဘက်ကိုပြေးထွက်လာသည်။

"အရှင်သခင်မ"

WINDYINE ရဲ့ နန်းတော်လို့ဆိုနိုင်တဲ့နေရာမှာ  အခိုငိးအဝေ အများကြီးရှိသည်။

ယိုလီ လက်သီးဆုတ်ထားသည်။ ရှာရွန်ကျန်ခဲ့တယ်။ သူဘာဖြစ်နေပြီလဲ။

ဆိုးတာတခုခုများဖြစ်နေတာလား။ သွားခေါ်မယ်။ သူဒီကိုပြန်ရောက်ပြီဆိုတော့ သွားခေါ်လို့ရပြီ။

စက္ကန့်ပိုင်းအတွင်း ဝင်ပေါက်တံခါးရှေ့ကိုရောက်လာသည်။ ဒီတံခါးကိုဖွင့်ဖို့အတွက် သူမ Windyine မှာရှိဖို့ပဲလိုတယ်။

လက်ထဲကိုဓါးအလိုလိုရောက်လာသည်။

"ယိုလီ။ ဘာလုပ်ဖို့ကြိုးစားနေတာလဲ"

ယိုလီ ထိုအသံကိုသိသည်။

"ငါသွားခေါ်မလို့"

သူမရှေ့ကိုကာဆီးပြီးရပ်လာတာ ပင်းယာ။

"နင်အခုဂရုစိုက်ရမှာ ရှာရွန်မဟုတိဘူး။ သိလား။ ရေခါ အခုသတိလစ်နေတယ်။ သူ့ရဲ့ရေခဲရုပ်တုနဲ့ နင့်ကိုထိန်းပေးထားတာမနိုင်လို့ အခု ကိုယ်တခြမ်းမီးလောင်ထားတယ်"

ယိုလီမျက်မှောင်ကုတ်မိသည်။ ပင်းယာက

"ငါလဲအခုပဲ ရောက်တာ။ ရှာရွန်နဲ့အတူတူ ပင်းယာကော ရီမွန်ကော ရှိတယ်။ပူစရာမလိုဘူး။ ဒါဖွင့်ဖို့ထက် နင့်ရဲ့မီးကိုထိထားတာနော်။ နင်နောက်ဆုံးဘာထုတ်သုံးလဲသိတယ်မဟုတ်လား။

အဆောင်တခုလုံးမီးလောင်နေတာနင်လဲတွေ့တာပဲ။ ဒီလောက်ထိဖြစ်ထားတာကို အခုထိ ရှာရွန်ပဲ ။နင်မလွန်ဘူးလား"

ယိုလီက။

"ပင်းယာ။ ရှာရွန်ဆီမှာရှိနေတာ Soul Heart  နော်။ "

"ငါဘာမှမစဉ်းစားဘဲလုပ်တယ်လို့ယူဆနေတာလား"

ပင်းယာနူတ်ဆိတိသွားသည်။ ယိုလီက

"ငါသူ့ကိုပြန်ခေါ်ရမယ်။ ပြောရမယ်ဆိုရင် သူ့ကိုသတ်ရင်ငါအလိုလိုသေမှာပဲ။ နင်ပြောသလို ရေခါကို အရင်ကြည့်ပေးမယ်။

နင်မသိသေးတဲ့အချက်တွေ ရှိသေးတယ်ဆိုတာအချိန်တန်ရင်သိလာလိမ့်မယ်"

Soul of Dark Heart (အနက်ရောင်နှလုံးသားဝိဉာဉ်)Where stories live. Discover now