Unicode version
ရှာရွန်။နိုးတဝက်နှင့် အိပ်ရင်ကလန့်နိုးလာသည်။ လရောင်ဖြာကျနေသောမှန်ပြတင်းကအလင်းရောင်နှင့်အတူခြုံလွှာတခုတည်းတွင်အတူအိပ်လျက်ရှိသောမီရူ။ ရှာရွန်ငေးကြည့်ရင်း သူ့နူတ်ခမ်းကိုဖိကပ်ပြီးတမ်းလိုက်သည်။ အိပ်မောကျနေသည့်အလား၊ နည်းနည်းလေးမှမနိုးလာ။
သူမ ထွက်သွားရလုနီးချိန် သူနဲ့စကားပြောချင်ပေမယ့် လက်လျော့သင့်တယ်မဟုတ်လား။ ကိုယ်ကိုတဖက်လှည့်လိုက်ရုံနဲ့ကိုအောက်ပိုင်းကပြင်းထန်တဲ့နာကျင်တဲ့ဒဏ်ကြောင့် နူတ်ကမညီဂမိအောင် မနည်းသည်းခံထားရသည်။
ခဏတာဝေးခဲ့ရသည့်အချိန်အတွက်အတိုးချချစ်ခဲ့ကြသည့်တညတာကအမှတ်တရအဖြစ်တည်ရှိနေမှာပါ။ နူတ်ခမ်းကိုကိပြီးဖြေးညှင်းစွာထထိုင်လိုက်သည်။ သူ့လက်မောင်းကသူရဲ့ကျောအောက်မှာ ရှိနေခဲ့တာကြောင့်မနိုးအောင် သတိထားနေသည်.
ကုတင်ပေါ်ကဖြေးဖြေးချင်းဆင်းလာပြီး အဆောင်အပြင်ဘက်ကို လှမ်းထွက်လာခဲ့သည်။ လရောင်အကူအညီနှင့် အချုပ်သားများထားရှိရာကိုထွက်လာခဲ့တော့သည်။ သူမ ကိုမြင်တော့အတားအဆီးမရှိ တံခါးဖွင့်ပေးပေမယ့်
“မြေတိုက်ထဲကိုတော့ ခွင့်မပြုထားပါဘူး”
ရှာရွန်က
“မီရူ ခွင့်ပြုထားတယ်လေ။ သူ့ကြောင့်မဟုတ်ရင် ကျမက ဘာလို့ဒီကိုရောက်လာရမှာလဲ”
“ဒါပေမယ့်----“
“ဒီမှာကြည့်”
သူမလက်ထဲက ခွင့်ပြုချက်စ,ရွက်ကိုတွေ့လိုက်တော့
“ဘာဖြစ်ဖြစ်---“
“ဘာမှမဖြစ်မဲ့ကိစ္စကို ဘာတွေအရမ်းတင်းကြပ်နေတာလဲ”
ဆိုတော့တံခါးအစောင့်တွေ တယောက်နဲ့တယောက်ကြည့်ပြီး
“အကြာကြီးမရပါဘူး”
ရှာရွန်ခေါင်းညိတ်ပြီးဖြေးဖြေးချင်းဝင်လာသည်။ အလျင်လိုနေရင်ပိုသတိထားမိနိုင်တာဖြစ်တဲ့အတွက် မြေတိုက်ထဲဆင်းလာချိန်မှာတော့သူမတယေ,က်တည်းပါ။
မီဂကြွမ်းနေသော အနံ့။အသားကိုမီးလောင်နေတဲ့အနံ့. ရှာရွန်ရှေ့ကိုမြန်မြန်တိုးလာချိန်မှာတော့ အသားကင်တခုဖြစ်အောင်သတ္တဝါတကောင်ကိုမီးမြိုက်ထားသလို ရေခါဘေးပါတ်လည်တွင် လှုတ်ရှားလို့မရအောင်မီးများကတံတိုင်းသဖွယ်ကာထားသည်။
YOU ARE READING
Soul of Dark Heart (အနက်ရောင်နှလုံးသားဝိဉာဉ်)
HorrorUnicode နှစ်ထောင်ပေါင်းများစွာသိုဝှက်နေထိုင်သူတွေရဲ့ကန့်သတ်ဧရိယာအတွင်းကနေ မထင်မှတ်ထားတဲ့အဖြစ်အပျက်ကြောင့် ကန့်သတ်ဧရိယာရဲ့အရင်းအမြစ် အနက်ရောင်နှလုံးသားဝိဉာဉ်ပျောက်ဆုံးသွားသည့်အတွက်ကြောင့် ထိုနှလုံးသားကို လိုက်ရှာမည့်Fic ဖြစ်ပါသည်/ သဘာဝလွန် စိတ်ကူးယဉ်...