Season 2 Part 6

338 50 2
                                    

Unicode version

"နင်ဘယ်သူလဲ"

မေဘယ်လာလို့ပြောတဲ့တယောက်က

"မေဘယ်လာလေ။ ငါ့ကိုသတ်ရဲလား"

ပင်းယာက သူ့နေရာသူထိုင်သည်။ ယခုလိုစစ်ဆေးဖို့ရှိတယ်ဆိုရင် ဒီနေရာကိုသုံးကျသည်။ လက်ထဲမှ ကြိုးတချောင်းကိုကိုင်ထားကာ

"မဟုတ်မှန်း သိနေတာပဲကို။ နာမည်အရင်းမေးနေတာ"

"မေဘယ်လာလေ"

"တစုံတယောက်ရြဲ မူလအရင်းအမြစ်ဘာဆိုတာသိရဖို့ကအရမ်းခက်ခဲတာ မဟုတ်ဘူး။

Windyine တခုလုံးကိုမွှေထားတာဆိုတော့ အခုနငိ့မှာရှိနေတဲ့မဖြစ်စလောက်စွမ်းအားလေး နဲ့ ဘာမှမလုပ်နိုင်ဘုး။

ပြောကြည့်ပါအုံး။နောက်ကွယ်မှာဘယ်သူရှိနေတာလဲ"

မထီမဲ့မြင်အကြညိ့မျိုးနဲ့

"မေဘယ်လာ"

ပင်းယာ ဒေါသထွက်လာသည်။ သူ့ကိုမသတိရဲဘူးဆိုပြီးတမင်သူမရဲ့စိတ်ကိုလာစမ်းနေတာ။

ဒီတော့။။
"ကြည်သာ။ သူ့ပါးစပ်ကိုဆွဲဟလိုက်"

ကြည်သာကချက်ချင်းထိုအမျိုးသမီးရဲ့ခေါင်းကိုချုပ်ကာ ငြိမိအောင်ထားပြီး ပါးစပ်ကိုဆွဲဟသည်။

"ရော့ ဒီဆေးရေလောင်းထည့်လိုက်"အနားမှာရပ်နေတဲ့ တယောက်ကိုပေးလိုက်သည်။ ရုန်းပေမယ့် မသက်သာ။

"ဘယ်လောက်ထိငြင်းအုံးမလဲကြည့်ရတာပေါ့"

ဆေးရည်တိုက်ပြီးလွတ်ချပစ်သည်။ မှော်ဆေးရည်ဖြစ်သည့်အတွက် ခဏချင်း ခိုအမျိုးသမီးမျကိနှာပျက်သွားသည်။

"ဒီဆေးကိုတောင့်ခံရင်းအသက်ပေးရတာတွေအများကြီးပဲ။ အဆုံးကျတော့လဲ တိကျသေချာတဲ့ တရားခံကိုဖော်ထုတ်ပေးနိုင်တာပဲ။

မသေချင်ရင် စောစောထုတ်ပြောလိုက် ဖြေဆေးမှီရင်မှီနိုင်တယ်။"

"ဘယ်သူလဲ။ တရားခံက"

ရေခါဒေါကြီးမောကြီးပြေးဝင်လာသည်။ ကိုယ့်သူကိုယ်မေဘယ်လာဆိုသူရဲ့မျက်နှာက သိသိသာသာကိုပျက်ယွင်းသွားသည်။

Soul of Dark Heart (အနက်ရောင်နှလုံးသားဝိဉာဉ်)Where stories live. Discover now