Unicode version
ယိုလီ။ တိတ်ဆိတ်နေသည်။ လရောင်လင်းထိန်နေတဲ့ ကွင်းပြင်မှာ တယောက်တည်းတိတ်ဆိတ်နေသည်။
မလှုတ်မရှက်ကျောက်ရုပ်အသွင်ရပ်နေသည့်အချိန်။ လေတိုက်နေရင်တောင်သူမရွေ့သွားမည်မဟုတ်။ Dark Guardian ဆိုတဲ့သူမရဲ့ လုပ်နိုင်စွမ်းတွေက လျော့ကျနေတယ်လို့ထင်ရသည်။
အရင်ကလိုရက်စက်ခြင်းတွေ။ညှာတာမှုကင်းမဲ့ခြင်းတွေနဲ့ဝေးကွာလာခဲ့သည့်အတွက် ယခုလို အစမ်းသပ်ခံနေကသည်လားဟုထင်မိသည်။
အလွယ်တကူထိခိုက်နေသည် က ယိုလီစိတ်အပျက်ဆုံးအရာပဲ။လီလီပန်းနံ့က သူမ အမုန်းဆုံးပဲ။ ထိုပန်းနှံ့လွင့်ပြန့်လာသည်နောက် ယိုလီ ချာခနဲလှည့်ထွက်လိုက်သည်။
"ယိုလီ"
ရေခါရဲ့အသံဆိုတာ အနံ့နဲ့ကတည်းကသိထားသည်။ခြေလှမး်ကရပ်တန့်ခြင်းမရှိသလို။ ခေါ်သံကိုပင ်ဉပက္ခာပြုသညိ။
"ငါကူညီရမလား"
ယိုလီအတွက်ရေခါရဲ့အကူအညီကိုထပ်မံမမျှော်လင့်သည်က သူမ အပေါ်ကိုရောက်သွားချိန်ကတည်းကပါ။
သူမ အဆောင်ကိုပဲ တန်းတန်းမတ်မတ်ပြန်လာပြီး အဆောင်တံခါးတွန်းလှပ်ခါနီးမှ လက်ကိုပြန်ရုတ်လိုက်သည်။
ယိုလီအထဲဝင်ဖို့သတ္တိမရှိဘူးလို့ထင်လိမ့်မယ်။ ဒါပေမယ့် သူမ မဝင်ချင်တာကတော့ သေချာသည်။ ထို့ကြောင့်ပဲ ယိုလီ အပြင်ဘက်မှာရပ်နေမိတာပင်။
အကြံရသည်နှင့်ချက်ချင်းပင်းယာရဲ့အဆောင်ကို ပြန်လျှောက်လာသည်။ အဆောင်ရှေ့ကမဝင်ဘဲ အဆောင်နောက်ဘက်မှ ရှာရွန်နေသွားခဲ့သော လျို့ဝှက်နေရာကိုအရင်ဦးတည်သည်။
ပင်းယာရဲ့ လက်ထောက် ဟေဗင်က အဆောင်ကိုကြီးကြပ်နေသည့်သဘောပါ။ ယိုလီလျို့ဝှက်အဆောင်တံခါးဖွင့်တော့
"သခင်မ"
ယိုလီက
"ကိုယ့်အလုပ်ကိုယ်မလုပ်နိုင်ဘူးလား"
ဆိုလိုက်သည်။ ဟေဗင် ချက်ချင်းပဲ လျို့ဝှက်အဆောင်တံခါးကိုတွန်းဖွင့်လိုက်သည်။
YOU ARE READING
Soul of Dark Heart (အနက်ရောင်နှလုံးသားဝိဉာဉ်)
HorrorUnicode နှစ်ထောင်ပေါင်းများစွာသိုဝှက်နေထိုင်သူတွေရဲ့ကန့်သတ်ဧရိယာအတွင်းကနေ မထင်မှတ်ထားတဲ့အဖြစ်အပျက်ကြောင့် ကန့်သတ်ဧရိယာရဲ့အရင်းအမြစ် အနက်ရောင်နှလုံးသားဝိဉာဉ်ပျောက်ဆုံးသွားသည့်အတွက်ကြောင့် ထိုနှလုံးသားကို လိုက်ရှာမည့်Fic ဖြစ်ပါသည်/ သဘာဝလွန် စိတ်ကူးယဉ်...