Unicode version
"မင်းနာမည်ဘယ်လိုခေါ်လဲ"
ယိုလီရဲ့အိပ်ဆောင်။ ကုတင်ဘေးမှ နှင်းဆီနီနီ တွင်အမြဲတမ်းနားလေ့ရှိတဲ့ လိပ်ပြာ။
အပန်းရောင်နုနု အနက်ရောင်အဆင်းသေးသေးလေးတွေပါတဲ့ တောင်ပံတစုံ။
တောင်ပံတစုံကိုတဖျက်ဖျက်ခပ်ပြသည်။ ယိုလီပြူံးလိုက်သည်။
သူမသတိထားမိနေတာ ဆယ်ရက်ခန့်ရှိနေပြီ။ သူမရဲ့အခန်းထဲမှာပဲ ဟိုသည်ဝဲပျံနေပြီး သူမလာရင်ပုန်းနေတက်သည်။
တခါတလေ ပန်းကိုပဲ လာနားသလို ခန်းစည်းစကိုပဲ လာနားသလိုနဲ့။ ယိုလီက
"ဘယ်အချိန်ပုံစံထပ်ပြောင်းမှာလဲ။ နောက်တကြိမ်ဆို ဘယ်လိုပုံစံဖြစ်မှာလဲ။
လိပ်ပြာဆိုတာ ငါ့အနားကိုလာရမှာမဟုတ်ဘူးလေ။ရေခါဆီကိုသွား။ သူ့အနားမှာဆိုရင်ပန်းအနံ့တွေနဲ့အမြဲတမ်းမွှေးနေတာ။"
ရုတ်တရပ်ငြိမ်သက်သွားသည်ကိုတွေ့လိုက်ရသည်။
ဘယ်လိုလဲ။ ဘာဖြစ်သွားတာလဲ။ သူမက တောင်ပံကိုလက်ဖျားနဲ့တောက်လိုက်ပြီး
"ပိုးဖလံပီသတယ် မီးရှိတဲ့နေရာကို သေမယ်ဆိုတာသိရက်နဲ့လာတိုးနေတယ်။"
ရုတ်တရပ် ရေမှုန်များထိုလိပ်ပြာလေးဆီကချွေချလာသည်။ ဟင်။ ဘယ်လိုအထူးအဆန်းလဲ။ တောင်ပံများတဖျက်ဖျက်ခက်ရင်း ရွှေမှုန်ချွေချနေသည့် မြင်ကွင်းက ယိုလီအတွက် အထူးအဆန်းပါ။
နောက် ဖွင့်ထားသောပြတင်းကနေပျံထွက်သွားသည်။ ကိုယ်ကိုကိုင်းပြီးကြည့်နေသည့်အနေအထားကနေ ခါးကိုမက်လိုက်သည်။
YOU ARE READING
Soul of Dark Heart (အနက်ရောင်နှလုံးသားဝိဉာဉ်)
HorrorUnicode နှစ်ထောင်ပေါင်းများစွာသိုဝှက်နေထိုင်သူတွေရဲ့ကန့်သတ်ဧရိယာအတွင်းကနေ မထင်မှတ်ထားတဲ့အဖြစ်အပျက်ကြောင့် ကန့်သတ်ဧရိယာရဲ့အရင်းအမြစ် အနက်ရောင်နှလုံးသားဝိဉာဉ်ပျောက်ဆုံးသွားသည့်အတွက်ကြောင့် ထိုနှလုံးသားကို လိုက်ရှာမည့်Fic ဖြစ်ပါသည်/ သဘာဝလွန် စိတ်ကူးယဉ်...