Part 5

547 73 6
                                    

Unicode version

အိပ်ရာပေါ်လှဲနေရတာ ကျောပူလာလျှင် ထထိုငိသည်။ ပြီးရင်ပြန်လှဲသည်။ သည်လိုနဲ့သုံးရက်လွန်‌လာပြီ။

သွေးပုလဲဟုခေါ်သော ရှာရွန်လေးကတော့ သူမကို ‌လိုလေသေးမရှိ ပြုစုသည်။ သူ့ရဲ့မမဆိုတဲ့သူကတော့ သူမနားမကပ်ဘဲခပ်တန်းတန်းရယ်။

သွေးပုလဲ ‌သူတို့နေအိမ်ဘက်ထွက်သွားချိန်ပဲ သူမနေတဲ့သစ်လုံးအိမ်ထဲကို လူစိမ်းတစ်ယောက်ဝင်လာသည်။  သူမကိုခေါင်းအစခြေအဆုံးကြည့်ပြီး

"အကျိုးဘဝကိုရောက်နေပြီလား။ ယိုလီ"  အော်။ ဘယ်သူများလဲလို့။ ကျိုးနေလို့ဘာမှမလုပ်နိုင်မကိုင်နိုင်ကိုတမင်များ လာလှောင်နေသလား။ နီးရာ အခါးရည်ပန်းကန်နဲ့ ပစ်ပေါက်လိုက်သည်။

ပင်းယာက ကိုယ်ကိုစောင်းပြီးရှောင်လိုက်သည်။

"ခွမ်း"

အိမ်တော်ရဲ့ဒရဝမ် တွင်ပူးကပ်နေသည့်အတွက် အပြင်လူမြင်သွားရင်တော့ အတော်ကိုမတင့်တယ်ပါ။

ယိုလီက

"နောက်လာတွေ့ရင် နည်းနည်းလေးပုံစံပြောင်းလာပါလား။မြင်ရတာတကယ်အဆင်မပြေဘူး"

ပင်းယာက

"သတင်းကောင်းလား သတင်းဆိုးလား မသိပေမယ့် Windyine မှာ အလင်းရောင်ပြန်ရနေပြီ"

ယိုလီမျက်ခုံးပင့်သွားသည်။

ပင်းယာက

"ပြီးခဲ့တဲ့သုံးရက်လောက်ကဖြစ်မလားပဲ။ ပန်းပွဲတော်စတဲ့နေ့ကဖြစ်မယ်။ ရုတ်တရပ်အလင်းပြန်ရလာတယ်။ ပြီးတော့ ရီမွန်ဘာမှမလုပ်ပဲရတာနော်"

ယိုလီ က ခေါင်းညိတ်ရင်း

"ငါသူ့ကိုတွေ့ပြီ"

ပင်းယာမျက်ဝန်းတွေကတောက်ပသွားသည်။ ယိုလီကဆက်သည်။

"ငါအတည်ပြုကြည့်ပေမယ့် ဘာမှမထူးခြားဘူး။ သူကရှာရွန်သေချာလားမသေချာလားတော့သေချာမသိသေးဘူး"

ပင်းယာက

"ငါရှိတယ်လေ။ ငါလုပ်မယ်။သူဘယ်မှာနေတာလဲ"

ဆိုတော့ မီးဖိုတဖက်ကအိပ်ရာကို‌ေမးဆက်ပြသည်။ ပင်းယာက

"ဟုတ်ပြီ။ ငါအကြောင်းပြန်ပေးမယ်။ နင်တို့ချင်းနီးနေလို့ Windyine အဆငိပြေနေတယ်ဆိုတာပဲ ဖြစ်ချင်တယ်။"

Soul of Dark Heart (အနက်ရောင်နှလုံးသားဝိဉာဉ်)Where stories live. Discover now