Season 2 Part 7

342 50 0
                                    

Unicode version

ရှာရွန်ရဲ့အနမ်းတပွင့် သူမပါးပေါ် သက်ရောက်လာသည်။ ယိုလီပြုံးလိုက်သည်။ သူမလက်ကိုဆုတ်ကိုင်ထားရင်း

"နှမျောတယ်။ ဒီလိုအခြေအနေဖြစ်နေတာနဲ့ ရှာရွန်ကိုဘာမှလုပ်လို့မရဘူး"

ရှာရွန်က သက်ပြင်းချရင်း

"အချိန်ဘယ်လောက်ကြာမှာလဲ"

ယိုလီက ပြုံးရင်း

"သုံးရက်တည်းပါ။ ဒီသုံးရက်အတွင်းရှာရွန်ကိုဘယ်နားသွားသိမ်းထားရမလဲမသိတော့ဘူး"

ရှာရွန်သူ့လက်မောင်းကိုဖက်တွယ်ရင်း

"ဒီမှာနေမယ်လေ။ မီရူဘာလိုလဲဖြည့်ဆည်းပေးချင်တာပေါ့"

ယိုလီက သူမခေါင်းကိုအသာပုတ်ရင်း

"မဖြစ်နိုင်လို့ပါ။ရှာရွန်။ တကယ်ကို ရှာရွန်ကိုအဝေးမပို့ချင်ဘူး။"

"အဲတာကြောင့်လေ"

ရှာရွန်က

"ဒါဆို ယိုလီကိုယ်တိုင်ပြန်လာခေါ်။ ရလား"

ယိုလီ ခေါင်းညိတ်သည်။

"အင်း။ ပြန်လာခေါ်မယ်။ ရှာရွန်ဘယ်မှာရှိနေလဲဆိုတာ ကိုယ်နဲ့ပင်းယာပဲသိမှာဆို‌တော့ သေချာပေါက်လာခဲ့မယ်"

ရှာရွန်သက်ပြင်းချလိုက်သည်။ ရှာရွန်အနေနဲ့ အရမ်းအဝေးကြီးကိုထွက်သွားရတော့မလို ခံစားနေရတာက  တကယ်ကိုအဆင်မပြေဘူး။

"ယိုလီ"

အပြင်ဘက်မှခေါ်သံကြောင့် ယိုလီက

"ပင်းယာ ရောက်လာပြီ။ သွားတော့နော်"

ရှာရွန်မျက်ရည်များဝဲတက်လာပြီး သူ့ကိုဖက်လိုက်သည်။

"လာခေါ်ရမယ်နော်"

သူမကျောကိုပုတ်ရင်း

"အင်း။လာခေါ်မှာ။ ရှာရွန်ကို"

ရှာရွန် မျက်ရည်များသုတ်ပြီး ပြေးထွက်သွားတော့သည်။ ထိုအချိန်ပဲ

"မမ"

ယိုလီ နူတ်ကရေရွတ်လိုက်သည်။ ထိုစဉ်ပဲ သူမ အနားကို မေဘယ်‌လာရောက်နေသည်။

Soul of Dark Heart (အနက်ရောင်နှလုံးသားဝိဉာဉ်)Where stories live. Discover now