Part 22

455 61 3
                                    

Unicode version

Part 22

“ဘာလို့သွေးမတိတ်တာလဲ”

လက်ဖျံရိုးအသားကိုခွဲထားတဲ့ဒဏ်ရာကယခုထိသွေးမတိတ်တဲ့အပြင် အနက်ရောင်ငွေ့များပျံ့ထွက်နေသည်။ ရှာရွန်နားမလည်သည့်အတွက် ဒီအတိုင်းကြည့်နေသည်။

“ရေခါပေးတဲ့ဆေးနဲ့ဆိုရင် အခုချိန်အဆင်ပြေနေပြီလေ။” ပင်းယာ စကားကြောင့် ယိုလီက

“ဆေး၊ဘာဆေးလဲ”

ပင်းယာကဆေးပုလင်းလှမ်းပေးရင်း

“သင်္ကာအကင်းဖြစ်နေသေးတာလားယိုလီ။ သူက ငါတို့လေးယောက်ထဲကတယောက်နော်”

ယိုလီ ဘာမှပြန်မပြော။ ဆေးပုလင်းကိုကြည့်ပြီးပြန်ပေးသည်။

“ဟေဗင်၊ လာဗင်ဆီကဘာသိရပြီလဲ. ရဲသွေးကောဘယ်မှာလဲ”

ဟေဗင်က

“သူနိုးလာတော့ ဒီခန္ဓာကိုယ်ထဲရောက်နေတာလို့ပြောတယ်။ ကျန်တာကတော့ ရှာရွန်ကိုသူခေါ်သွားပေးရုံတခုပဲတဲ့”

ပင်းယာက

“ရေခါလွှတ်ပေးလိုက်တာကနည်းနည်းတော့ဆိုးတယ်”

ယိုလီ ဘာမှဝင်မပြောပေ။ပင်းယာက

“သွေးမတိတ်တဲ့အပြင် ဒါတွေကဘာတွေလဲ”

“Soul Heart”

ဟေဗင်မျက်လုံးပြူးသွားသည်။ ရှာရွန်ကြက်သီးမွှေးညှင်းတွေထလာသလိုပင်။ ယိုလီက

“ဒါတွေအကုန်စီထွက်သွားရင် သူသေမှာ”

ပင်းယာပါးစပ်အဟောင်းသားဖြစ်သွားစေသည်။

“ဒီလောက်လွယ်လား”

ယိုလီက

“အရင်ကသူ့နားကနေ Soul Heart အမှတ်အသားရှာနေတာနည်းနည်းမှမတွေ့ဘဲ ဘာလို့အခုမှပေါ်လာလဲမသိပေမယ့်။ တခုခုကတော့ ရှိနေတယ်”

ဟေဗင်နဲ့ပင်းယာတယောက်ကိုတယောက်ကြည့်လိုက်မိသည်။ ယိုလီပြောင်းလဲသွားတာနဲ့သက်ဆိုင်မယ်ထင်တယ်။ ယိုလီက

“ဒီတော့ ရေခါ အတားအဆီးဖွင့်တာနဲ့များသက်ဆိုင်နေမလား”

အဝတ်နဲ့စည်းပါတ်ထားပေမယ့် မသိမသာစိမ့်ထွက်နေတဲ့သွေးက အနီရောင်မဟုတ်ဘဲအခိုးအငွေ့ ချည်းသာ။ ယိုလီ စဉ်းစားရကြပ်သွားသည်။ ရှာ၇ွန်ကိုကြည့်လိုက်တော့ ဘာမှမသိတာကြောင့် တုံနှိဘာဝေ?

Soul of Dark Heart (အနက်ရောင်နှလုံးသားဝိဉာဉ်)Where stories live. Discover now