Unicode version
ရှာရွန်။ မျက်လုံးပွင့်လာသည့်နောက် လေထဲမှာလွင့်နေတယ်လို့ကိုယ့်သူကိုယ်ထင်နေမိသည်။မြင်နေရတဲ့ဝန်းကျင်တခုလုံးက အဖြူရောင်ဖန်သားတွေခြည်း။
လက်နဲ့လှမ်းကိုင်လို့လဲမရဘူး။ သူမမှာ လက်ဆိုတာလဲမရှိ။ ဘာကိုဘာမှ မရှိတဲ့ ဝိဉာဉ်သက်သက်ပဲ။ အသိရှိတယ်။ ခံစားလို့ရတယ်။
မြင်ရတယ်။ ဒါပေမယ့်။ ရှာရွန်ဘာမှမလုပ်နိုင်ဘူး။ တခုခုနဲ့တိုက်မိတယ်။နာတယ်ဆိုတာလဲမရှိဘူး။
သူမ သတိရလာတော့ ဒီထဲရောက်နေပြီ။ သူမ သတိမလစ်ခင်ကကော ဘာဖြစ်ခဲ့လဲ။
"နင့်ရဲ့မူလဘဝကို နင်ကိုယ်တိုင်စွန့်ပစ်ခဲ့တာ။ ကိုယ့်သူကိုယ် ပိုးဖလံဖြစ်အောင် လုပ်ခဲ့မယ်လို့ငါမထင်ထားဘူး။
နင်က ပိုးဖလံမဟုတိဘူးလေ။ နင်က ငါ့ရဲ့အပိုင်။ ငါခိုင်းတာဘာမဆိုလုပ်ရမှာ"
"နင့်ကို နင် ပိုးဖလံဖြစ်ချင်တာဆိုတော့ ငါ့အမိန့်ကိုဖီဆန်ထားသူပီပီ အပြစ်ခံယူရမှာပေါ့"
"နင်သေလိုက်တော့။ နင့်ရဲ့မီရူ ကိုတသတ်လုံးတွေ့ခွင့်မရအောင်ငါလုပ်ပေးမယ်"
အဲနောက် သူမကို ကိုယ်ထဲကဆွဲထုတ်သွားတာဖြစ်သည်။ အသိစိတ်ကလွင့်နေပြီးမှ အခုမှ ပြန်သတိရလာတာ။ သူဘာပြောပြော။ သူမအရင်ကဘာဆိုတာ အခုထိစဉ်းစားလို့မရသေးပါဘူး။
သူနဲ့ဘယ်အချိန်ကပါတ်သတ်ခဲ့တာလဲဆိုတာကို ရှာရွန်မသိခဲ့။ အခုတော့။ မီရူနဲ့ ဝေးခဲ့ရပြ္။ သူမကိုယ်တိုင်ဘယ်ရောက်နေမှန်းမသိသလို။ မီရူကော သူမ ပျောက်နေတာကို လာရှာရင်ဘယ်မှာသွားရှာမှာလဲ။
ဘယ်လောက်ကြာကြာနေရမှာလဲာ မီရူဘယ်အချိန်လာကယ်မှာလဲ။ သူမတကယ်သေသွားပြီလား။ မီရူကိုဘယ်လိုအသိပေးရမလဲ။
ပိုးဖလံဘဝကနေ သူမ ရှာရွန်ဖြစ်လာတယ်။ ပိုးဖလံအရင်ကကော။ဘာလဲ။
?????????
ယိုလီ တားမြစ်တောထဲမှာပဲ အကြောင်းမဲ့ရပ်နေသည်။ လက်သီးတင်းတင်းဆုတ်ထားဆဲ။ အသိစိတ်မမှန်တဲ့ ရှာရွန်နဲ့ ပျောက်ဆုံးနေတဲ့ Soul Heart.
YOU ARE READING
Soul of Dark Heart (အနက်ရောင်နှလုံးသားဝိဉာဉ်)
HorrorUnicode နှစ်ထောင်ပေါင်းများစွာသိုဝှက်နေထိုင်သူတွေရဲ့ကန့်သတ်ဧရိယာအတွင်းကနေ မထင်မှတ်ထားတဲ့အဖြစ်အပျက်ကြောင့် ကန့်သတ်ဧရိယာရဲ့အရင်းအမြစ် အနက်ရောင်နှလုံးသားဝိဉာဉ်ပျောက်ဆုံးသွားသည့်အတွက်ကြောင့် ထိုနှလုံးသားကို လိုက်ရှာမည့်Fic ဖြစ်ပါသည်/ သဘာဝလွန် စိတ်ကူးယဉ်...