Season 2 Part 2

421 58 4
                                    

Unicode version

ယိုလီရဲ့အိပ်မက်ကိုဆက်ရမယ်ဆိုရင်။

....

"မိန်းကလေးနှစ်ယောက်ပဲ"

"ဟုတ်တယ်။ ဒုတိယကလေးမွေးပြီးပြီးချင်း ကလေးအမေကဆုံးသွားတာ"

ဦးလူမော ကလေးတွေကိုကျောခိုင်းပြီးထိုင်နေသည်။ အကြီးတ‌ယောက်ကိငိုနေပေမယ့် အငယ်တယောက်ကတော့ တိတ်ဆိတ်နေသည်။

အသုဘနဲ့မွေးနေ့တထပ်တည်းကျရောက်တဲ့အတွက် ဦးလူမော ဖြေမဆည်နိုင်ဖြစ်ရုံကလွဲရင် ဘာမှမလုပ်နိုင်ပါ။

ကလေးနှစ်ယောက်နဲ့ ပူဆွေးသောကရောက်နေချိန်။ ဦးလူမောရဲ့ညီမ က အတူလာနေပေးသည်။

ကလေးနှစ်ယောကိလုံးအလျှင်အမြန်ကြီးထွားနေရာ တရွာလုံးရဲ့နူတ်ဖျားနှာပင်ပြောစမှတ် ကိုတွင်‌ရော။

လူမဟုတိဘူးတဲ့။ အမှန်လဲလူမဟုတ်ပါဘူး။

ထို့ကြောင့် ဦးလူမောက

"သမီးအကြီးကို မေဘယ်လာ။ သမီးအငယ်ကို မီရူယိုလီ"

တလပြည့်အချိန်မှာ သူတို့တွေက ကိုးနှစ်အရွယ်ကိုရောက်နေပါပြီ။

နှစ်ယောက်လုံးလိမ္မာတယ်။ အဒေါ်နဲ့အဖေရဲ့စကားကိုမေဝယ်မကျနားထောင်တယ်။ ဒါပေမယ့်ဦးလူမော မှာ စိတ်သောက အချိန်ပြည့်ရောက်ျနရသည်ပင်။

ဘယ်နေ့ဘာထပ်ဖြစ်မလဲဆိုတာ။ တရွာလုံးရဲ့ကျဉ်ခြင်းကို ခံနေရသည်။ အရင်က နာမည်ရှိခဲ့ပေမယ့်။

ထို့ကြောင့်ကလေးတွေကို အပြင်ပေးမထွက်ပါ။ ခြံထဲမှာပဲ နေစေတယ်။ ကိစ္စရှိရင် သူပဲ ထွက်တယ်။

တရက်တော့။

ဦးလူမော တခြားရွာကို ကိစ္စနဲ့သွားတယ်။ ဆယ်ရက်ခရီးမှ ရွာတရွာကိုရောက်တာဆို‌ောတ့ အသွားအပြန်ဆိုရင် တလနှစ်လ တခါတလေ တနှစ်။ ထိုသို့အချိန်ကာမြင့်ချိန်က မသမာသူတွေရဲ့ အခွင့်လမ်းကောင်းတခုဖြစ်ခဖြ့တာပင်။

ယိုလီနဲ့ မေဘယ်လာ။ ခြံဝန်းအရှေ့ဘက်မှာ။ ဆင်တူဝတ်စုံများဝတ်ဆင်ထားပေးသည်။ရုပ်ချင်းဆင်သလိုရှိပေမယ့် ဆံပင်ဖြူတာချင်းပဲချွတ်ဆွတ်တူသည်။

Soul of Dark Heart (အနက်ရောင်နှလုံးသားဝိဉာဉ်)Where stories live. Discover now