Part 9

466 73 4
                                    

Unicode Version

သွေးပုလဲ(ခ)ရှာရွန်။

သူ့ကို တာဝန်ပေးတယ်တဲ့ ။ဘာလုပ်တက်မှာလဲ။ မနေ့ကတည်းကအိပိနေတာအခုထိပြန်မနိုးလာသေးဘူး။

ကုတင်ဘေးမှာထိုင်ပြီးကြည့်နေရုံကလွဲရင် ဘာမှ မလုပ်နိုင်။ဘာဆေးတိုက်တိုက်မရတော့ ထိုင်ကြည့်နေရုံမှအပ ။နည်းလမ်းမရှိ။ အရင်တခါကလဲ သူ့ကိုယ်သူ နိုးလာတာ။

သက်ပြင်းချရင်း

"ငါ့ကိုကယ်တယ်ထင်ခဲ့တာ။ သူ့ကိုယ်သူကယ်တာတဲ့။ ငါ့ကိုငါသတိရအောင်ပြန်လုပ်ခိုင်းတယ်။ မမကပြောတယ် နညိးလမ်းမရှိဘူးတဲ့။

သူ့ကိုအသက်ရှင်အောင်လုပ်ပေးပါ။ ဒါပေမယ့်ဆေးတိုက်လို့တောင်မရဘူးတဲ့"

"လမ်းဆက်လျောက်ခိုင်းတယ်။ ခြေလှမ်းလိုက်တာနဲ့ချောက်ထဲကျမယ့်အဖြစ်"

သူပြောတာလဲမှန်တာပဲ။ ဘာလို့ သွေးပုလဲအတွက် အသက်စွန့်ပြီးကယ်မှာလဲ။ ဒါပေမယ့် အဲ့နေ့ကအဖြစ်အပျက်ကတြော မျက်လုံးထဲကမထွက်။

အခုလိုအိပ်ရာ‌ေပါ်လဲနေတဲ့သူ မဟုတ်တဲ့အတိုင်းပဲ။ ရင်လဲခုန်တယ်။ အပြင်မှာအခုလိုမြင်ရမယ်လို့မထင်ထားဘူး။

ဘေးချထားတဲ့သူ့လက်ကို မထိတထိသွားကိုင်သည်။ နောက်သေချာစုတ်ကိုင်ရင်း

"မမ သစ်စိမ်း။ နိုးလာတော့နော်။ "

သွေးပုလဲပြုံးလိုက်သည်ယ သူမရင်းနှီးတာက မမဝါနုနဲ့ ဒီမမပဲ ရှိတာ။ လက်လေးကိုင်နေရတာကို အဆင်ပြေနေပြီ။

"ညီမလေး"

လက်အမြန်ပြန်ချလိုက်သည်။ ချက်ချင်းထရပ်လိုက်သည်။ ဝါနုက

"ညကတည်းကမအိပ်ရသေးတာမဟုတ်လား။ မမကြည့်ထားပေးမယ် သွား။ သွားနားလိုက္"

သွေးပုလဲခေါင်းခါလိုက်သည်။  နေရာမှာပြန်ထိုင်ပြီး

"ရပါတယ်။ ဟို သွေးကိုစောင့်ခိုင်းထားတာမဟုတ်လား"

"ဒါပေမယ့်..." ဝါနု ခေါင်းညိတ်ပြီး သူမအနားကိုဝင်ထိုင်သည်။

သွေးပုလဲက

"မမ အရင်ကသူ့ကိုတွေ့ဖူးလား"

Soul of Dark Heart (အနက်ရောင်နှလုံးသားဝိဉာဉ်)Where stories live. Discover now